အခန်း (၄၆၄)

885 144 7
                                    

အခန်း  (၄၆၄)  :    မိုဝူကျီ၏ အုတ်ဂူ

“ အင်း အရင်ဆုံး အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းရအောင် နေရာတစ်ခု အရင်ရှာရမယ်။ အဲဒါပြီးသွားရင်တော့ ကျုပ်တို့တွေ အင်မော်တယ်ဖွေရှာလှေကားဆီ သွားကြမယ် ” မိုဝူကျီက ဖြေလိုက်သည်။

ဟန်ချင်းရုက နားမလည်စွာ ပြောလိုက်သည်

“ ဂျုနီယာမောင်လေး ... ယုံရင်အစွန်းအဖျား လေလံပွဲဝင်ခွင့်  ကျောက်စိမ်းပြား ရခဲ့ရက်သားနဲ့အဲကို မသွားဘူးလား ”

မိုဝူကျီက ခေါင်းခါကာ

  “ ကျုပ် မသွားတော့ဘူး။ သူတို့ဆီက ကျောက်စိမ်းပြား ယူလာတဲ့ အကြောင်းအရင်းကလဲ ကျုပ် မသွားဖို့ ကြံထားလို့ပဲ။ ပြောရရင် ကျုပ်တို့ သွားမယ်ဆိုရင် ဘယ်လောက်ပဲ ရုပ်ဖျက်ဖျက်  ကျင်းရှန်းအဆင့် ကျင့်ကြံသူတွေ ဝိုင်းထား ခံရဦးမှာပဲ။

ကျုပ်က ကျင်းရှန်းအဆင့် ကျင့်ကြံသူတွေကို တစ်ခါမျှ မမြင်ဖူးသေးပေမဲ့ ကျုပ် အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းပြီးရင်တောင် ကျင်းရှန်းအဆင့်ကိုတော့ တိုက်နိုင်ပါ့မလား မသေချာသေးဘူး ..... ပြီးတော့ ကျင်းရှန်း အဆင့် ကျင့်ကြံသူ တစ်ယောက်ထက် ပိုရှိနေရင် ကျုပ်အတွက် လွတ်မြောက်ဖို့တောင် ခက်လိမ့်မယ်  ”

ဟန်ချင်းရု၏ အတွေ့အကြုံက မိုဝူကျီနှင့် မယှဉ်နိင်သေးချေ။ မိုဝူကျီ စကားများ ကြားပြီးနောက် သူမက ရုတ်တရက် အတွေးမှ နှိုးထလာလေ၏။ ဦးဆုံးကျင့်ကြံသူ ကုန်သည်အိမ်တော်မှ အမျိုးသမီးသည် ဂျုနီယာမောင်လေးမို၏ တောင်းဆိုချက်များကို တုံ့ဆိုင်းခြင်းမရှိ  လိုက်လျော့ပေးသည်မှာ သူမက  ဂျုနီယာမောင်လေးမိုသည် ထိုလေလံပွဲကို သေချာပေါက် သွားလိမ့်မည်ဟု တွက်ဆထား၍ ဖြစ်သည်။ အကယ်၍ သူက သွားမိလျှင် လွတ်မြောက်နိုင်မည် မဟုတ်ပေ။

“ တောင်းပန်ပါတယ်  ” ဟန်ချင်းရုက သူမ လုပ်ခဲ့မိသည့် အရှုပ်များကို တွေးမိလိုက်သည့်အခါ အလွန်အမင်း အပြစ်ရှိစိတ်ကို ခံစားနေမိသည်။

မိုဝူကျီက အသာရယ်မောလိုက်ရင်း

“ ကိစ္စမရှိပါဘူး။ ကျုပ်လည်း ခင်ဗျားလို အဖြူထည်လေး ဖြစ်ခဲ့ဖူးပါတယ်။ ခင်ဗျားနဲ့တောင် နှိုင်းလို့ မရဘူး။ ကျုပ်က ကျုပ်အယုံကြည်ရဆုံးလူဆီက သစ္စာဖောက် ခံခဲ့ရတာဗျ။ ကြည့်ရတာ ရင့်ကျက်မှုဆိုတာ ပေးဆပ်ရမဲ့  တန်ဖိုးတစ်ခုတော့ လိုတယ် ထင်ပါတယ်ဗျာ  ”

လူသားသစ္စာ Translation Book 4 ( 401 - 500)Where stories live. Discover now