အခန်း (၄၂၄)

916 143 0
                                    

လူသားသစ္စာ စာစဉ် (၃၁)
ဘာသာပြန်ဆိုသူ .... ကြည်ဖြူ (ရိုးရာ)

အခန်း  (၄၂၄)  :     အင်မော်တယ်တပိုင်းနယ်ပယ်သို့ ပြန်သွားခြင်း

မိုဝူကျီက ပြုံးကာ  “ ဒီတာအိုရောင်းရင်းနှစ်ယောက်က ကျုပ်နဲ့ တူတာပဲ။ ကျုပ်လည်း ဟုန်ဖူကျီကို ရန်စမိခဲ့လို့ ဒီနေရာ ရောက်နေတာ ”

“ အဲဆို တစ်ယောက်နဲ့ တစ်ယောက် အဖွဲ့ဖွဲ့ကြတာပေါ့။ ဒီနေရာမှာ လူခြောက်ယောက်တောင် ရှိတာဆိုတော့ သေမင်းမိုင်းတွင်းကနေ ထွက်သွားရင်တောင် အသက်ရှင်ဖို့ အခွင့်အရေးတော့ ရှိမှာပါ ... ” မိုဝူကျီ စကားများကို ကြားပြီး ထုံယဲ့က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ သို့သော်လည်း သူ မပြောလိုက်သည့် စကားတစ်ခွန်းတော့ ကျန်ရှိလေ၏။ သူတို့  သေမင်းမိုင်းတွင်းက ထွက်မသွားလျှင်ပင် မိုဝူကျီ၏ ဧရာမ အစီအရင်အတွင်း သူတို့ အသက်ဆက်ရှင်နိုင်လိမ့်မည်။

ကျာချီက ထုံယဲ့ကို ကြည့်ကာ တွေးမိသွားသည်။

ဒီလူက တည့်တိုးပါ့လား ....

မိုဝူကျီကလည်း သဘောတူလေ၏

“ ကျုပ်လည်း အတူတူ တွေးနေတာ။ အင်အားက အရေအတွက်ကနေ ဖြစ်လာတာပဲလေ။ ကျုပ်က သေမင်းမိုင်းတွင်းမှာ ဆက်နေဖို့ အစီအစဉ် မရှိဘူး  .... ဒီကျောက်တုံးနက်တွေကို တူးပြီးတာနဲ့ အင်မော်တယ်တပိုင်းနယ်ပယ်ကို ပြန်ဖို့ တွေးထားတယ်။ ခင်ဗျားတို့ နှစ်ယောက်ရော ပြန်လိုက်ရဲရဲ့လား ”

ထုံချိန်နှင့် ထုံယဲ့က အချင်းချင်း ပြန်ကြည့်လိုက်ကာ ထုံချိန်က အနည်းငယ် တွေဝေနေမိသည်။ သူက ဟုန်ဖူကျီ၏ စွမ်းအားကို ကောင်းကောင်းသိရုံသာမက ဟုန်ဖူကျီက ကွမ်းချွမ်နှင့် အဆက်အသွယ်လည်း ရှိနေပေသည်။ သူတို့ အင်မော်တယ်တပိုင်းနယ်ပယ်ထဲ ဝင်သွားသည်နှင့် သူတို့တွေ အဖမ်းခံရပြီး နောက်တစ်ကြိမ် ထွက်ပြေးဖို့ ခက်ခဲသွားပေလိမ့်မည်။

“ အစ်ကိုကြီး ... ကျတော်တို့ သေရင်တောင် ဂုဏ်ယူဝံ့ကြွားစွာနဲ့ သေရအောင်ပါ။ သေမင်းမိုင်းတွင်းထဲ ရောက်နေတာလည်း တော်တော်ကြာပြီ။ ကျတော်တို့တွေ သစ်သားဓာတ်ပျော်ဝင်ဆေးလုံးကို လဲဖို့ လူတွေကို အမြဲတမ်း ခိုးကြောင်ခိုးဝှက် လိုက်ရှာနေရတယ်။  ဒီလိုဆက်နေနေရင် ဒီအတိုင်း အပိုတည်ရှိမှု ပြယုတ်တစ်ခု ဖြစ်နေမှာပေါ့။
ကျတော်တော့ တာအိုရောင်းရင်းမိုနဲ့ အင်မော်တယ်တပိုင်းနယ်ပယ်ကို ပြန်သွားဖို့ သဘောတူတယ်။ ဟုန်ဖူကျီက ကျတော်တို့ကို ဘာများ လုပ်နိုင်မှာလဲ။ ကျုပ်တို့တွေလဲ ဒီမှာ ဘာမှ မဟုတ်ဘဲ အချိန်ဖြုန်းနေခဲ့တာ မဟုတ်ပါဘူးဗျာ   .... ” ထုံယဲ့က သူ့အစ်ကိုကြီး တွေဝေနေသောကြောင့် ချက်ချင်း ထပြောလိုက်သည်။

လူသားသစ္စာ Translation Book 4 ( 401 - 500)Where stories live. Discover now