အခန်း (၄၈၁)

824 148 0
                                    

လူသားသစ္စာ ၃၅

အခန်း (၄၈၁)  :   စိတ်ရှုပ်သွားသည့်  အင်မော်တယ်ဆေးလုံးဘုရင်

ဝမ်ဟို့က တအံ့တဩ မေးလိုက်သည်  “ ညီလေးတန် .... တစ်ယောက်ယောက်က ဆေးရည်ကို ရာနှုန်းပြည့် သန့်စင်နိုင်ခဲ့တာလား ”

တန်လျန့်က ခေါင်းညိတ်ပြကာ   “ ဒီဆေးမီးဖိုအတွင်းက ဆေးအနှစ်လက်ကျန်တွေက သေချာပေါက် ရာနှုန်းပြည့် သန့်စင်နေတာပဲ .... ဆေးလုံးဆရာ ဘယ်အဆင့်ပဲ ဖြစ်ဖြစ် ဆေးပင် တစ်ပင်ကို  အနှစ်တွေကနေ  လုံးဝဖယ်ရှားပစ်ဖို့ဆိုတာ ဝေးလာဝေး  ရာနှုန်းပြည့် သန့်စင်နိုင်ဖို့က သေချာပေါက် မဖြစ်နိုင်ဘူး။

ဒါပေမဲ့ ဆေးလုံးဆရာတစ်ယောက်အတွက်  ဆေးရည်က ၉၉ ရာခိုင်နှုန်းကျော်နေရင်ကို ရာနှုန်းပြည့်အဖြစ် ယူဆလို့ ရတယ် ..

ကျုပ်ရဲ့ ဆေးပညာက အကန့်အသတ်ရှိတော့ ဒီဆေးမီးဖိုထဲကလို ဆေးရည်မျိုး သန့်စင်နှုန်းရအောင် မလုပ်နိုင်ဘူး။ ဒါပေမဲ့ နောက်မှာ ကျန်နေခဲ့တဲ့ ဆေးလက်ကျန်ကနေ ဒီဆေးရည်ရဲ့ သန့်စင်မှုက ၉၉ ရာခိုင်နှုန်း ကျော်နေမယ်ဆိုတာ သေချာတယ်။

ပြီးတော့ ရာနှုန်းပြည့် ရောက်လုနီးပါး ဖြစ်နေပြီ။  ဒီလူရဲ့ ဆေးလုံး အရည်အချင်းကို မသိပေမဲ့ သူဆေးဖော်စပ်တာရဲ့အရည်အချင်းကတော့  သူက ကျုပ်ဆရာ ဖြစ်ဖို့တောင် လုံလောက်တယ် ... ”

ဝမ်ဟို့ပင်  ပါးစပ်ဟောင်းလောင်း ဖြစ်မိသွားသည်။ အချိန်အတော်ကြာသည့်အခါမှ  စကားပြန်ပြောနိုင်လေ၏ “ ညီလေးတန် .... နှိမ့်ချလွန်းနေပါပြီ .. ညီလေးတန်က  အဆင့် ၄ အင်မော်တယ်ဆေးလုံးဘုရင်လေ  ”

တန်လျန့်က ခေါင်းခါကာ 
“အစ်ကိုဝမ် ... ကျုပ်က လျှောက်ပြောနေတာ မဟုတ်ဘူးဗျ။ အဲလို ပြောတာ အကြောင်းအရင်းအများကြီး ရှိတယ်။ ပထမတစ်ချက်ကို ပြောရရင် ဒီလူက အဆင့် ၁ ဆေးမီးဖိုကိုပဲ သုံးထားတာ ။

ဒုတိယအနေနဲ့ဆိုရင် သူက သန့်စင်ဖို့ရာအတွက် သာမာန်မီးတောက်ပဲ သုံးထားတာ မြေကမ္ဘာမီးတောက်တောင် သုံးမထားဘူး။ ကျုပ်အကြောင်း အသာထား ...  အဆင့် ၆ ဆေးလုံးဘုရင်တောင် ဒီလိုမျိုး သန့်စင်နှုန်းမြင့်မြင့်နဲ့ ဆေးရည်ကို ဖော်စပ်နိုင်မှာ မဟုတ်ဘူး။

လူသားသစ္စာ Translation Book 4 ( 401 - 500)Where stories live. Discover now