အခန်း (၄၅၅)

891 137 0
                                    

လူသားသစ္စာ ၃၃

အခန်း  (၄၅၅)  :   ချောင်မူရှစ်

ဟန်ချင်းရုက ခေါင်းခါပြလိုက်ပြီး  “ဆေးဆရာမို ..... အဲအကြောင်းကို သိတာက ရှင့်ကို ပိုဒုက္ခရောက်စေလိမ့်မယ် ”

မိုဝူကျီက အေးဆေး ပြန်ဖြေလိုက်သည်
“ ကျုပ် သိဖို့ လိုတယ်လေ။ အိမ်တော်သခင်မက ကျုပ်ကို ပြောပြဖို့ တောင်းဆိုပါတယ်ဗျာ ”

မိုဝူကျီက အတင်းဖျင်းများကြောင့် ထိုမေးခွန်းများကို မမေးလိုသော်လည်း  ယခု သူက ကျိညီအစ်ကိုကို သတ်ထားမိပြီး  ဟန်ချင်းရုကို အဝေးခေါ်ထုတ်လာသည့်အတွက် တစ်ဖက်လူက သူ့အား လွတ်ပေးလိမ့်မည်ဟု မယုံကြည်ပေ။ ထိုသို့မျိုး ရန်သူကြီးနှင့် ရင်ဆိုင်နေရသည့်အချိန် နာမည်ပင် မသိရလျှင် ညဘက်၌ ငြိမ်းချမ်းစွာ အိပ်စက်နိုင်မည် မဟုတ်ပေ။

ဟန်ချင်းရုက နားလည်သွားပြီး ပြောပြလိုက်သည်

“ သူက ယင်ပြန့်မြို့ ဟဲလျန် ကုန်သည်အိမ်တော်ရဲ့ အုပ်ချုပ်ရေးမှူးလေ။ ပြီးတော့ ယင်ပြန့် အမွှာလုပ်ကြံရေးသမားက သူ့လက်အောက်က လူတွေပဲ။
သူက အတော်လေး အာဏာကြီးတယ် ပြောရရင် ယင်ပြန့်မြို့အတွင်းက အရာအားလုံးနီးပါးကို ထိန်းချုပ်ထားနိုင်တယ် ”

“ခဏ ... အိမ်တော်သခင်မ ဟန်  ... ကုန်သည်အိမ်တော် တစ်ခုရဲ့ အုပ်ချုပ်ရေးမှူး တစ်ယောက်က အင်မော်တယ်နယ်မြေက အင်မော်တယ်မြို့တစ်ခုလုံးကို ထိန်းချုပ်နိုင်တယ်တဲ့လား ” မိုဝူကျီက  ဟန်ချင်းရု စကားကို ဖြတ်မေးလိုက်သည်။

ဟန်ချင်းရုက မိုဝူကျီကို ကြည့်ကာ

  “ ဆေးဆရာမို .... တကယ်လို့ ကျမအတွက် စဉ်းစားပေးတယ်ဆိုရင် ကျမကို စီနီယာအစ်မ ချင်းရုလို့ပဲ ခေါ်ပါ။ ဒီနေ့က စပြီးတော့ ကျမက ပန်းမြိုင်ရာအိမ်တော်အကြောင်း ပြောဖို့ရာ အသာထား ....   တွေးကို   မတွေးချင်တော့ဘူး  ”

“ ပန်းမြိုင်ရာအိမ်တော်က ခင်ဗျား အပိုင် မဟုတ်ဘူးလား ။ ဘာလို့ အဲလို ပြောရတာလဲ ” မိုဝူကျီက ထိုမေးခွန်းများ မေးပြီးနောက် သူက စကားမှားသွားကြောင်း သိလိုက်သည်။ သူက မြန်မြန် ပြောလိုက်ရသည်

လူသားသစ္စာ Translation Book 4 ( 401 - 500)Where stories live. Discover now