အခန်း (၄၈၃)

848 156 0
                                    

အခန်း   (၄၈၃)  :       အသက်မဲ့မြစ်ကြမ်းပြင်ရှိ အင်မော်တယ်ဖွေရှာလှေကား

မိုဝူကျီက ဝမ်လျန်ရှီး စိတ်အတွင်းမှ အတွေးများကို မသိပေ။ ထိုစဉ် သူက  အနက်ရောင် ရေဝဲဂယက်ရှေ့တွင် ထိုင်နေလေ၏။

အသက်မဲ့မြစ် ကြမ်းပြင်တစ်လျှောက် ရှာနေသည်မှာ ခြောက်လခန့် ရှိသွားပြီ ဖြစ်၏။ သူက ဤနေရာကို ရှာဖွေနိုင်ခဲ့သည်မှာ တိုက်ဆိုင်မှု တစ်ခုကြောင့်သာ ဖြစ်ပေသည်။ အကြောင်းမှာ သူက ထိပ်တန်း အာကာသ ရွှေကွေး အပိုင်းအစတစ်ခုကို မြင်တွေ့လိုက်ရ၍ ဖြစ်သည်။ ရွှေကွေးမှာ အာကာသ အမျိုးအစား ရတနာအဖြစ် ပြုလုပ်နိုင်သော  ပန်းပဲသတ္တု ပစ္စည်းတစ်မျိုး ဖြစ်ရာ  သိုလှောင်လက်စွပ်အဖြစ် ပြုလုပ်နိုင်ရုံသာမက ကိုယ်ပိုင် ဝိညာဉ်နယ်မြေအဖြစ်လည်း ဖန်တီးနိုင်လေသည်။

ပုံမှန်အားဖြင့် ပြောရလျှင် အာကာသ ရွှေကွေးက အသက်မဲ့မြစ်အတွင်း ပေါ်မလာနိုင်ပေ။ ထို့ကြောင့် မိုဝူကျီက ထိုရွှေကွေး ပေါ်လာသည့်နေရာကို မြစ်အတွင်း  ရှာဖွေကြည့်ခဲ့ခြင်း ဖြစ်သည်။

ရလဒ်အနေနှင့် သူက ဤအနက်ရောင် ရေဝဲဂယက်ကို တွေ့လိုက်ရခြင်း ဖြစ်၏။ အနက်ရောင် ဝဲဂယက်မှာ ပင်လယ်ထဲမှ အစိတ်အပိုင်းများဖြင့် ဖြစ်တည်နေသည့်အတွက် သူ့စိတ်စွမ်းအားမှာ မဖောက်ထွင်းနိင်ပေ။ မိုဝူကျီက သူ့စိတ်စွမ်းအားကို ပို့လွှတ်လိုက်သည်နှင့် ဤအနက်ရောင် ဝဲဂယက်ကြီး၏ ဝါးမျိုခြင်းကို ခံလိုက်ရပေမည်။

မိုဝူကျီပင်  ဤရေဝဲဂယက်ထဲသို့ မဝင်ရဲပေ။  ထို့အစား သူက ဤဝဲကယက်ကြီးကို အသုံးချ၍ သူ့စိတ်စွမ်းအား တိုးမြင့်လာအောင် လေ့ကျင့်လိုက်သည်။ သူ့စိတ်စွမ်းအားကို ထိုဝဲဂယက်မှ ဝါးမျိုပြီးသည့်အချိန်တိုင်း ပြန်ကောင်းလာသည့်အခါ အနည်းငယ် အကြမ်းခံလာစေသည်။

မကြာခင်တွင် မိုဝူကျီက  ဤရေဝဲဂယက်မှာ ယခုမရှိတော့ကြောင်း သတိထားမိလိုက်သည်။ ရေဝဲဂယက်မှာ တစ်ရက်လျှင် တစ်ကြိမ်သာ ပေါ်လာလေ့ ရှိပြီး  ကြာချိန်ကိုလည်း မှန်းဆလို့ မရပေ။  တစ်ခါတစ်ရံတွင်  အမွေးတိုင်တစ်တိုင်စာ ကြာမြင့်တတ်ပြီး ရံဖန်ရံခါ၌မူ  အသက်ရှုကြိမ် ဆယ်ရှိုက်စာလောက်သာ ကြာမြင့်ပေ၏။

လူသားသစ္စာ Translation Book 4 ( 401 - 500)Where stories live. Discover now