အခန်း (၄၇၄)

852 135 5
                                    

လူသားသစ္စာ စာစဉ် (၃၅) စာမြည်း

အခန်း  (၄၇၄)   : မသေနိုင်သောသူ

ဟဲကျွင်းဟူက တစ်ခုမှ  မလုပ်နိုင်သည်ကို အတည်ပြုပြီးနောက် မိုဝူကျီက ပို၍ တက်ကြွလာသည်။ သူက အင်မော်တယ် သဘာဝစွမ်းအားအများစုကို အသုံးပြုထားပြီးပြီ ဖြစ်သော်လည်း အခြားလူများနှင့် ခြားနားစွာ  သူ့၌ သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်းများ ရှိနေသေးသည် မဟုတ်ပါလော။

သူ့ သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်းမှ အင်မော်တယ် သဘာဝစွမ်းအားများဖြင့် သူက လျှပ်စီးဓားမိုးကို ဆက်တိုက် ထုတ်သုံးနိုင်သေးသည်။

ဟဲကျွင်းဟူ၏ အနှောင့်အယှက်မပါရှိဘဲ ဟန်ချင်းရုနှင့် ထုံယဲ့တို့၏ အကူအညီဖြင့် မိုဝူကျီက ကောင်းကင်အင်မော်တယ်အဆင့် ကျင့်ကြံသူများကို ဟင်းသီးဟင်းရွက် လှီးဖြတ်သည့်အလား သတ်ဖြတ်ပစ်လိုက်သည်။

အားကောင်းသည့် ကောင်းကင်အင်မော်တယ် တချို့က သူ့လျှပ်စီးဓားများကို ကာဆီးနိုင်စွမ်း ရှိကြသော်လည်း သူတို့မှာ မိုဝူကျီ၏ လခြမ်းကွေး ပုဆိန်လှံရှည် လက်ချက်အောက်တွင် သေဆုံးသွားကြသည်။ အကယ်၍ မိုဝူကျီက သူတို့နှင့် မရင်ဆိုင်လျှင်ပင် ဟန်ချင်းရုနှင့် ထုံယဲ့တို့က လွတ်ပေးမည် မဟုတ်ပေ။

သူတို့ရန်သူကို သက်ညှာပေးခြင်းက ကိုယ့်သေတွင်းကို တူးနေခြင်း မဟုတ်ပါလော။

ဟန်ချင်းရု စကျင့်ကြံစဉ်မှ စ၍ သူမက ယခုလောက် တစ်ခါမျှ အများကြီး မသတ်ဖူးပေ။ သို့သော်လည်း သူမက သတ်ကို သတ်ရမည် ဖြစ်သည်။ သူမက အသက်ပင် မနည်းအချိန်လု ရှုရှိုက်နေရသည်။

မှော်ရတနာများမှ အလင်းများက လျှပ်စီးဓားမိုးများနှင့် ဆက်တိုက် ထိတွေ့နေကာ တည်းခိုဆောင် တစ်ခုလုံးမှာလည်း  ပြားပြားဝပ် ဖြစ်နေလေပြီ။

ပြန်လည် တိုက်ခိုက်နိုင်သည့် ကောင်းကင်အင်မော်တယ်တချို့မှ လွဲ၍  ကောင်းကင်အင်မော်တယ် အများစုမှာ အသတ်မခံရခင် သူတို့ အင်အားကုန်သုံးထားပြီး လျှပ်စီးဓားမိုးများကို ကာကွယ်နေကြရသည်။

လူသားသစ္စာ Translation Book 4 ( 401 - 500)Where stories live. Discover now