အခန်း (၄၅၁)

866 140 0
                                    

လူသားသစ္စာ စာစဉ် ၃၃

အခန်း  (၄၅၁) :  အင်မော်တယ် ဝင်ရိုးကျောက်တုံးများ ဈေးနှုန်းဖောင်းပြွခင်း

“ ဟေး  ... တာအိုရောင်းရင်းမို  ... တကယ်လို့ ကျုပ်စကားနားထောင်ဖို့ ဆန္ဒရှိတယ်ဆိုရင် ခင်ဗျား အခုချက်ချင်း ထွက်သွားသင့်ပြီ ” ဝမ့်ဟယ်ကျန်းက မိုဝူကျီ စကားများကို ပြန်မဖြေဘဲ ဤစကားကိုသာ စိတ်မှ တဆင့်  ဆက်သွယ်ကာ ပြောလိုက်သည်။

မိုဝူကျီက ဝမ့်ဟယ်ကျန်းမှာ ပြန်မဖြေရဲမှန်း သိသောကြောင့် ထပ်မမေးတော့ပေ။ ဝမ့်ဟယ်ကျန်းပင် မကပေ။ အခြားသော ဆေးလုံးဆရာများကလည်း ခေါင်းကိုယ်စီ ငုံ့ထားပြီး သူတို့ဆေးပင်များကိုသာ စစ်ဆေးကြည့်နေကြသည်။ သူတို့အားလုံးမှာ မဝံ့မရဲ ဖြစ်နေကြဟန် ပေါ်သည်။ သို့သော်လည်း မိုဝူကျီက ထိုအချက်ကို အသားမကျ မဖြစ်မိချေ။ အကယ်၍ လူတစ်ယောက်က ဤနေရာတွင် လာ၍ တနေကုန် အင်မော်တယ် ဆေးပင်တွေကိုချည်း လေ့လာနေရလျှင် ထိုလူမှာ သတ္တိကြောင်သွားမည်မှာ ပုံမှန် ဖြစ်ပေသည်။

အိမ်တော်သခင်မိန်းမလှလေးလည်း ယုံကြည်ချက် လွန်ကဲနေဟန် မပေါ်ပေ။ စီမံခန့်ခွဲရေးမှူးဟဲ ၏ စကားနည်းနည်းဖြင့် သူမက သူကို မေးခွန်းထုတ်ရန် လက်လျော့ခဲ့ခြင်း ဖြစ်ရာ မိုဝူကျီက သူမကို ထပ်ရှာရန် ခက်ခဲလိမ့်မည် ဖြစ်ကြောင်း မှန်းဆမိသည်။

သူက နှစ်ဖက်လုံးတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသောကြောင့် အဆင့် ၁ မှ အဆင့် ၃ အင်မော်တယ်ဆေးပင်များ၏ သန့်စင်နည်းများကို သင်ယူရန် ဆုံးဖြတ်လိုက်တော့သည်။ သူက ယနေ့ ထွက်သွားမည်မှာ ဖြစ်နိုင်ချေ ရှိသေး၏။ သူက စီမံခန့်ခွဲရေးမှူးဟဲကို ကြောက်စရာ အကြောင်းအရင်း မရှိချေ။ အကယ်၍ စီမံခန့်ခွဲရေးမှူးဟဲက ပြဿနာ လာရှာပါက သူက လွတ်အောင် ပြေးရုံ ဖြစ်သည်။ ထို့အပြင် သူက အဆင့်မြင့် ဆေးပင်များကို အရင်ဦးစွာ ထိသည်နှင့်  စီမံခန့်ခွဲရေးမှူးဟဲက  သူ့ကို သတ်ဖြတ်ချင်နေလောက်လေပြီ။ ထိုအခါ စီမံခန့်ခွဲရေးမှူးဟဲက သူ့ကို လွတ်ပေးမည် မဟုတ်ပေ။

သို့သော်လည်း မိုဝူကျီက စီမံခန့်ခွဲရေးမှူးဟဲမှာ နုံ့အသည့် လူတစ်ယောက် မဟုတ်ကြောင်း ယုံထားသည်။ ထိုသူက သူနှင့် ပန်းမြိုင်ရာ အိမ်တော်အတွင်း ထိပ်တိုက်ရင်ဆိုင်မည်တော့ မဟုတ်လောက်ပေ။ စီမံခန့်ခွဲရေးမှူးဟဲသာ သူ့နောက် ပန်းမြိုင်ရာ အိမ်တော်အပြင်အထိ လိုက်လာသရွေ့ ထိုနေ့ရက်မှာ စီမံခန့်ခွဲရေးမှူးဟဲ၏ နှစ်ပတ်လည် အသုဘ ဖြစ်သွားပေလိမ့်မည်။

လူသားသစ္စာ Translation Book 4 ( 401 - 500)Where stories live. Discover now