အခန်း (၄၇၅)

889 139 0
                                    

အခန်း  (၄၇၅)  :    ယင်ပြန့်မြို့သို့ ချီတက်ခြင်း

ပြင်းထန်သည့် သေခြင်းတရားက သူ့အား လွှမ်းခြုံသွားသည့်အခါ ဟဲကျွင်းဟူက နောက်ဆုတ်မိလိုက်သည်။ သူ့မျက်ဝန်းမှ အကြောက်တရားနှင့်အတူ  ကြက်သေ သေကာ ပြောလိုက်သည် 

“ မိုဝူကျီက မင်း ငါ့ကို သတ်ရဲတယ်ပေါ့ .... ငါက မီးခိုးခုနှစ်ချက်ဂိုဏ်းသားပဲ။ မင်း ငါ့ကို သတ်ရဲရင် အင်မော်တယ်လောကကို ရောက်တဲ့အခါ မင်း ပုန်းနေစရာ ရှိမှာ မဟုတ်ဘူး  ”

လခြမ်းကွေး အစိမ်းရောင် ပုဆိန်လှံရှည်က ပိုမို တောက်ပလာလေ၏။ စွမ်းအားကို နှိုးဆွလိုက်ခြင်း ဖြစ်သော်ငြား ကျင့်ကြံသူအားလုံးက ထိုအလင်းမှ ထွက်ပေါ်နေသော သတ်ဖြတ်ငွေ့များကို ခံစားမိလိုက်ကြသည်။ အရူးတစ်ယောက်ပင် မိုဝူကျီက ဟဲကျွင်းဟူကို သတ်တော့မည် ဖြစ်ကြောင်း သိကြသည်။ မိုဝူကျီ၏ သတ်ဖြတ်လိုစိတ်မှာ အတိုင်းသား ထွက်ပေါ်နေသည်။

“ ကျုပ်က ခင်ဗျားကို မသတ်ရဲဘူးလို့ ပြောတယ်မလား။  ကျုပ်က လေလံပွဲရဲ့ ဂုဏ်သတင်းကို ဂရုမစိုက်မိနေခဲ့ရင် ခင်ဗျားကို လေလံပွဲမှာ ကတည်းက သတ်ပြီးသွားပြီ။

ကျုပ်က မောက်မာတဲ့ လူတွေ  သတ်ရတာကို သဘောကျတယ်လေ။  ခင်ဗျားကို ဘယ်သူက မောက်မာပြဖို့ ပြောလို့လဲ  ” မိုဝူကျီက ဟဲကျွင်းဟူ အဘယ်ကြောင့် မလှုပ်ရှားရဲမှန်း မသိသော်ငြား သူသတ်ဖြတ်လိုစိတ်မှာ ဆက်လက် ကြီးထွားနေဆဲ ဖြစ်သည်။

ဟဲကျွင်းဟူက မိုဝူကျီသည် သူ့ကို သတ်ရန် ဦးတည်နေကြောင်း သိပေသည်။ နောက်တစ်ကြိမ် သူက တံဆိပ်တော်ကို ထပ်မံ ဆွဲထုတ်ကာ အင်မော်တယ် သဘာဝစွမ်းအားများ ဖြည့်သွင်းလိုက်သည်။

လခြမ်းကွေး အစိမ်းရောင် ပုဆိန်လှံရှည်မှ ထုတ်လွှင့်နေသော သတ်ဖြတ်ငွေ့များမှာ ထိပ်ဆုံး ရောက်ရှိနေပြီ ဖြစ်ရာ လေထုအတွင်း ဝှီးခနဲ ဖြတ်ပြေးသွားကာ ဟဲကျွင်းဟူကို ပိုင်းဖြတ်သွားသည်။ ဟဲကျွင်းဟူက သူ့တံဆိပ်တော်ဖြင့် ခုခံလိုက်သော်လည်း စွမ်းအားများများ မစုဆောင်းမိလိုက်ပေ။

တံဆိပ်တော်က မိုဝူကျီ၏ လခြမ်းကွေး အစိမ်းရောင် ပုဆိန်လှံရှည် အလင်းနှင့် မထိတွေ့ခင် မိုဝူကျီက အသံကျယ်ကြီး တစ်ခု ကြားလိုက်ရသည်။ ထို့နောက် မိုဝူကျီက သူ့မျက်လုံးနှင့်ပင် မယုံနိုင်လောက်သည့် မြင်ကွင်းကို မြင်လိုက်ရသည်။ ထိုအချိန်လေး၌ ဟဲကျွင်းဟူမှာ အပိုင်းပိုင်း ဖြစ်ကာ တစစီ ဖြစ်သွားကာ သိုလှောင်လက်စွပ် တစ်ကွင်းပင် ကျန်ရှိခဲ့တော့သည်။

လူသားသစ္စာ Translation Book 4 ( 401 - 500)Where stories live. Discover now