chapter 452 (z)

585 75 0
                                    

လူသားသစ္စာ ၃၃

အခန်း  (၄၅၂)  :    အိမ်တော်အတွင်း မတော်တဆ ဖြစ်ရပ်

တာဝန်ခံဝေ့၏ အကြောင်းကြားချက် မကြားလျှင်ပင် မိုဝူကျီက သူ့စိတ်ဝိညာဉ်အမှတ်အသားမှာ အမြန်နှုန်းဖြင့် ချည်းကပ်လာပြီ ဖြစ်ကြောင်း ခံစားမိနေပြီးသား ဖြစ်ပေ၏။

ဟန်ချင်းရူက ထိုစကားများကို ကြားသောအခါ သူမ အမူအယာမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။ သူမက ချက်ချင်း ထရပ်ကာ သူမဘာသာ ရေရွတ်လိုက်ပြီး

“ သူ့ကို ယုံရင်အင်မော်တယ်နေရာကို လွတ်လိုက်တယ် မဟုတ်ဘူးလား ”

သူမက  မကြာခင် နားလည်သွားလေ၏။ ထိုသို့မျိုး ကိစ္စရပ်ကို စိတ်ပူနေရသည့် အချိန် မဟုတ်တော့ပေ။ သူမက တင်တင်းဘက် အလောကတြီး လှည့်ကာ

“ တင်တင်း ... တာအိုရောင်းရင်းမိုကို အပေါ်ထပ်ထဲ ပုန်းဖို့ ခေါ်သွားပေးလိုက် မြန်မြန်လုပ် ..... ”

“အာ ” တင်တင်းက အံ့ဩတကြီး ရေရွတ်လိုက်သည်။ သူမက ဘာမြှပန်မပြောနိုင်ခင် ဟန်ချင်းရူ၏ အလောတကြီး ဆော်ဩသံကို ထပ်ကြားလိုက်ရသည်  “ မြန်မြန်လုပ် ”

“ တာအိုရောင်းရင်းမို  ...  ခဏလောက်တော့ ပုန်းနေဖို့ ရှင့်ကို ဒုက္ခပေးရတော့မှာပဲ။ ကျမတို့တွေ ခဏနေမှ ဆက်ပြောကြမယ်၊ ကျမ တကယ် တောင်းပန်ပါတယ် ” ဟန်ချင်းရူက မိုဝူကျီကို အားနာစွာ ပြောလိုက်သည်။ သူမ မျက်ဝန်း၌ စိုးရိမ်မှုများကို အထင်းသား မြင်နေရသည်။

“ ကိစ္စမရှိပါဘူး  ” မိုဝူကျီက ပြုံးကာ တင်တင်း နောက်မှ လိုက်သွားလိုက်သည်။

ဤကိစ္စမှာ မြင်ရသလောက် မရိုးရှင်းကြောင်း ခံစားမိလိုက်သည်။ ဤ စီမံခန့်ခွဲရေးမှူးဟဲက ပန်းမြိုင်ရာ အိမ်တော်ကို ထိန်းချုပ်လိုနေလျှင်ပင် ဟန်ချင်းရူက သူ့ရှေ့ ထိုမျှ စိုးရိမ်နေလိမ့်မည်ဟု မယုံကြည်ပေ။ ဤ စီမံခန့်ခွဲရေးမှူးဟဲ က ကောင်းကင်အင်မော်တယ်အဆင့်မျှသာ ဖြစ်သော်လည်း သူ့အင်မော်တယ် ဝင်ရိုး ဖြစ်တည်ပြီးပြီလား ဆိုသည့် ကိစ္စကိုတော့ မသိရသေးချေ။

ဤကိစ္စမှာ မရိုးရှင်းကြောင်း ခံစားမိ၍ မိုဝူကျီက များများ မပြောတော့ဘဲ တင်တင်းနောက်မှသာ လိုက်သွားတော့သည်။

လူသားသစ်စာ Translation Book 4 ( 401 - 500)Where stories live. Discover now