အခန်း (၄၈၉)

838 144 2
                                    

လူသားသစ္စာ ၃၆

အခန်း  (၄၈၉)  :  အခြေအနေသုံးရပ်

“ ဝုန်း ”

လောင်ချိုက်က ပြောင်းလဲမျှခြေ အဆောင်ကို လုံးဝ ဂရုမစိုက်တော့ဘဲ သူ့ခန္ဓာကိုယ်အတွင်းမှ အင်မော်တယ် သဘာဝစွမ်းအားများက အဆုံးအစွန်အထိ ထွက်ပေါ်လာကာ  သူ့အသက်သွေးကိုပင် နှိုးဆွလိုက်သေးသည်။ သို့သော်လည်း သူက မိုဝူကျီ လက်သီးချက်မှ မလွတ်မြောက်နိုင်ခင် သူ့ပြောင်းလဲမျှခြေ အဆောင်မှာ တစစီ ပျက်စီးသွားတော့သည်။

“ ဘုန်း ” မျက်စိတစ်မှိတ်အတွင်း သွေးမြူများ ဖြစ်ပေါ်လာသည်။  ဂုဏ်ယူဖွယ် ဖြစ်သော ကျင်းရှန်းအဆင့်ကျင့်ကြံသူ လောင်ချိုက်မှာ သွေးမြူအဖြစ် ပြောင်းလဲသွားလေပြီ။ လောင်ချိုက်က မိုဝူကျီ၏ လက်သီးချက်ကြောင့် ခြေမြွခင်း ခံလိုက်ရသည်လား ဒါမှမဟုတ် မိုးနှင်မြေစည်းမျည်းကြောင့်  တစစီ ဖြစ်သွားလားဆိုတာ မသိနိုင်ပေ။

မိုဝူကျီ၏ ပြင်းထန်လှသော စွမ်းအားစက်ကွင်းချေဖျက် လက်သီးချက်က ဤအတိုင်း ကွယ်ပျောက်မသွားပေ။ ထို့အစား  ဆက်တိုက် လောင်ကျွမ်းသွားပြီး နေရာ၌ လှိုင်းတွန့်လေးများ ဖြစ်ပေါ်လာစေသည်။

“ဘမ်း ”

မိုဝူကျီက သူ့လက်သီး ရုတ်သိမ်းလိုက်သည့် အချိန်၌ အဆင့် ၃ အင်မော်တယ် အစီအရင်မှာ နေရာမှာပင် ပြိုကျပျက်စီးနေပြီ ဖြစ်၏။

မိုဝူကျီက ဤလက်သီးချက်ကို ယင်ပြန့်မြို့၏ ကာကွယ်ရေး အစီအရင်ကို ဖျက်စီးဖို့ရာ သုံးခဲ့မှန်း သိသော်လည်း  ပီခန်းက နည်းနည်းလေးမျှ မလှုပ်ရဲပေ။ သူ့နှလုံးသားမှာ ရေခဲရေထဲ စိမ်ထားသည့်အလား ဖြစ်နေပြီး ယခုလေးတင်  မိုဝူကျီ၏ စွမ်းအားကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသည်။ အကယ်၍ သူတို့က အင်မော်တယ်လာကတွင် ဖြစ်နေပါက  လောင်ချိုက်ပင် မိုဝူကျီ၏ ပြိုင်ဖက် မဟုတ်သေးပေ။

လောင်ချိုက်တွင် တခြားအကွက်များ ရှိနေသေးသည်မှာ မှန်ကန်သော်လည်း မိုဝူကျီတွင်လည်း သူ့ကိုယ်ပိုင် အကွက်များစွာ ရှိနေသေးသည် မဟုတ်ပါလော။ အနည်းဆုံးတော့ သူ့ကြောက်မက်ဖွယ် လျှပ်စီးဓားမိုးပင် ပေါ်မလာသေးပေ။

လူသားသစ္စာ Translation Book 4 ( 401 - 500)Where stories live. Discover now