အခန်း (၄၈၇)

861 141 1
                                    

လူသားသစ္စာ ၃၆

အခန်း  (၄၈၇)    :   သေရေး ရှင်ရေး ကံကြမ္မာ စက်ဝန်း

မိုဝူကျီက ကောင်းကင်အင်မော်တယ်အဆင့်မျှသာ ရှိသေး၏။ သို့သော် သူ့ချီသွေးကြော ၁၀၈ ခုလုံးကို ဖွင့်ထားပြီးသား ဖြစ်၍  ဤမျှ များပြားလှသော အဆင့်မြင့်အင်မော်တယ်ကျောက်များဖြင့် မိုဝူကျီ ပတ်လည်မှ အင်မော်တယ် ဝိညာဉ်စွမ်းအားများမှာ ပြည့်နှက်နေသည်။ မိုဝူကျီက စွမ်းအားများ  စုပ်ယူနေသောကြောင့် ထိုအင်မော်တယ်ကျောက်များမှ ထွက်ပေါ်လာသော အင်မော်တယ် ဝိညာဉ်စွမ်းအားများမှာ  မိုဝူကျီ၏ ဝဲဂယက် စွမ်းအားစက်ကွင်းကဲ့သို့  ဝဲဂယက်များ တစ်ခုပြီး တစ်ခု ထွက်ပေါ်လာသည်။

နှစ်ဝက်တာအတွင်း မိုဝူကျီ၏ ကျင့်ကြံဆင့်မှာ ကောင်းကင်အင်မော်တယ် အလယ်အလတ်အဆင့်မှ အဆင့်မြင့်သို့ ရောက်ရှိလာပြီး ထိပ်ဆုံးထိ တက်လှမ်းသွားတော့သည်။ သူက အတားအဆီးနှင့် မကြုံလိုက်ရသလို  ထိုအချိန်လေးအတွင်း သူက အင်မော်တယ် ဆေးလုံးများလည်း  အသုံးမပြုလိုက်ရပေ။

မိုဝူကျီက သူ့ကျင့်ကြံဆင့် အခြေကျသွားသည်နှင့် ကျင့်ကြံနေခြင်းကို ရပ်တန့်လိုက်တော့သည်။ သူက အတော်လေး စိတ်လှုပ်ရှားမိနေသည်။ သူက အတားအဆီးနှင့် တွေ့လိုငြား အင်မော်တယ်ဆေးလုံးများကို ဖော်စပ်ထားခဲ့သည်။

မိုဝူကျီက ယခင်အမှားများမှ သင်ယူထားလေသည်။ ယခင် သူ ကောင်းကင်အင်မော်တယ်အဆင့်သို့ တက်လှမ်းစဉ်က ကံကောင်း၍သာ   မြေမှုန့်လျော့ပါးခြင်း သစ်သီးသာ မရရှိခဲ့လျှင် သူက ကျရှုံးဖို့ရာ ကံကြမ္မာဖန်လာခြင်း ဖြစ်လိမ့်မည်။ ထို့ကြောင့် သူက မကျင့်ကြံခင်  အဆင့်နိမ့် အင်မော်တယ်ဆေးလုံးများကို ပြင်ဆင်ထားခဲ့သည်။

ဆေးလုံးများစွာ ပြင်ဆင်ပြီးနောက် တစ်လုံးတစ်လေမျှ အသုံးမပြုဘဲ နေရလိမ့်မည်ဟု   ထင်မှတ်မထားခဲ့ပေ။ သူက ယခုအထိ ချီသွေးကြော ကျင့်စဉ်ကို နှံ့နှံ့စပ်စပ် သိသေးပုံ မပေါ်ပေ။

အကယ်၍ မိုဝူကျီက အင်မော်တယ်လောကတွင်  ရှိနေပါက မိုဝူကျီက ကျင်းရှန်းအဆင့်ထိ တက်လှမ်းနိုင်ရန် ကြိုးစားမိလိမ့်မည်။ သို့သော်လည်း မိုဝူကျီက ယခု မလုပ်ရဲသေးပေ။ မိုးနှင့်မြေ စည်းမျည်းများကြောင့် တစစီ ဖြစ်သွားသော  ထိုကျင်းရှန်းအဆင့် ကျင့်ကြံသူများ၏ ပုံရိပ်များမှာ သူ့စိတ်အတွင်း စွဲထင်နေသေး၏။ သူက ထိုကိစ္စများကို မျက်မြင်ကိုယ်တွေ့ ကြုံထားခြင်း ဖြစ်ရာ သူသာ ယခု ကျင်းရှန်းအဆင့်သို့ တက်လှမ်းလိုက်ပါက  သေမင်းကို လက်ယက်ခေါ်နေသလို  ဖြစ်လိမ့်မည်။

လူသားသစ္စာ Translation Book 4 ( 401 - 500)Unde poveștirile trăiesc. Descoperă acum