အခန်း (၄၁၂)

940 159 0
                                    


အခန်း (၄၁၂) : မိုဝူကျီ၏ မိတ်ဆွေ

" အဲဒီလူဆီက လှည့်စားခံရတော့မလို့ပဲ ... ဒါပေမဲ့ သူက ကျုပ်ကို တကယ်တိုက်ရဲတယ်ဆိုရင်တောင် သူက ကျုပ်ကို ဒဏ်ရာရစေရုံလောက်ပါပဲ " မိုဝူကျီနှင့် ကျာချီတို့ ထွက်သွားပြီးနောက် မိုဝူကျီကို ချောင်းမြောင်းလုပ်ကြံသူက ပြောလိုက်သည်။

သခင်ပုဆိန်က ခေါင်းညိတ်ပြလိုက်ပြီးနောက် " မင်းကို သတ်နိုင်ဖို့ဆိုရင် သူ့လှည့်ကွက်တွေကို ထုတ်ပြလိုက်ရမှာပဲ။ ဖြစ်နိုင်ရင်တော့ အဲလိုမျိုး လှည့်စားတတ်တဲ့သူက ငါတို့နဲ့ လာပူးပေါင်းရင် ကောင်းမှာ။ အဲလိုဆိုရင် သူက ငါတို့အတွက် တော်တော်အသုံးဝင်လာလိမ့်မယ် .... "

ကြော့ရှင်းလှပသည့် အမျိုးသမီးက ရုတ်တရက် ကောက်ပြောလိုက်သည် " ရှီရှား ... သူက ရှင့်ကို ညာနေတာ မဟုတ်ဘူး။ သူက ရှင့်ကို အချိန်မရွေး သတ်ပစ်နိုင်စွမ်း ရှိတယ် "

ပိန်ပါးပါး အမျိုးသားက ပြောလိုက်သည် " မဖြစ်နိုင်ပါဘူး ... သူ့တိုက်ခိုက်မှုမှာ လူသတ်ငွေ့မှ ပါမနေတာ။ သူ့လှည့်ကွက်ကြောင့်သာ ကျုပ်နောက်ကို ရောက်လာနိုင်တာ။ တကယ်လို့ သူက တိုက်ခိုက်ရင်လည်း ကျုပ်အသက်တော့ စိုးရိမ်စရာ ရှိမှာ မဟုတ်ဘူး "

"ဘယ်လိုလုပ် သိလဲ " သခင်ပုဆိန်က မျက်မှောင်ကျုတ်ကာ အမျိုးသမီးကို ကြည့်ရင်း တစ်ခုခုကို အမှတ်ရဟန်ဖြင့် မေးလိုက်သည်။

အမျိုးသမီးက အေးအေးဆေးဆေး ပြန်ဖြေလိုက်သည် " အလိုလိုသိစိတ်ပေါ့ ... သူ့မျက်လုံးကနေ ကျမတို့ကို မကြောက်တာ တွေ့နေရတယ်။ ပြီးတော့ အလိုလိုသိစိတ်ကနေ သူ ရှီရှားကို အချိန်မရွေး သတ်ပစ်နိုင်တယ်ဆိုပြီး ပြောပြနေတယ် ... "

အမျိုးသမီး ပြောပြချက်ကို နားထောင်၍ သခင်ပုဆိန်၏ အမူအယာမှာ လေးလေးနက်နက် ပြောင်းသွားကာ " ကူယာ .... မင်း တခြားသိတာရော ရှိသေးလား "

ကူယာက ဤနေရာတွင် အားအကောင်းဆုံး မဟုတ်သော်လည်း သူမတွင် ထူးခြားသည့် စွမ်းဆောင်ရည်တစ်ခု ရှိပေသည်။ ထိုအရာမှာ သူမ၏ တိကျလွန်းသော အလိုလိုသိစိတ် ဖြစ်သည်။ ထို့ကြောင့် သခင်ပုဆိန်က ကူယာ၏ အလိုလိုသိစိတ်ကို အာရုံစိုက်နေခြင်း ဖြစ်သည်။

လူသားသစ္စာ Translation Book 4 ( 401 - 500)Where stories live. Discover now