အခန်း (၄၀၄)

954 143 0
                                    

လူသားသစ္စာ စာစဉ် (၃၀)
ဘာသာပြန်ဆိုသူ .... ကြည်ဖြူ (ရိုးရာ)

အခန်း (၄၀၄)  :    ကျောက်တုံးနက်ကို ရှာဖွေခြင်း

“ကျုပ်က မိုဝူကျီ ... လူသစ်လေးပါ။ ဒီက စီနီယာအစ်မကို ဘယ်လိုများ ခေါ်ရမလဲ ” သူက အနက်ဝတ် အမျိုးသမီးနောက် လိုက်လာပြီးနောက် မိုဝူကျီက အရင်ဦးစွာ နှုတ်ဆက်လိုက်သည်။

သူက အင်မော်တယ်တပိုင်း နယ်ပယ်ကို ရောက်လာခါစ ဖြစ်၍ ဘာဆိုဘာမျှ မသိသေးအချိန် လန်ဟောင်၏ ရိုက်စားကို ခံခဲ့ရသည်။ ထိုအမျိုးသမီးလေးက သူ့အဖွဲ့ ဖြစ်သည့်အတွက် ဆက်ဆံရေးကောင်း တစ်ခု တည်ဆောက်ပြီး သူမဆီမှ တချို့အကြောင်းအရာများ ရနိုင်ပေသည်။ ထို့အပြင် သူ့အတွက် သတ္တု တူးဖော်ခြင်းမှာ ပထမဆုံးအကြိမ် လုပ်ဖူးခြင်း ဖြစ်သည်။

“ကျာချီ ... ” အနက်ဝတ် အမျိုးသမီးက သူမ နာမည်ကိုသာ ပြောလိုက်ပြီးတော့ မိုဝူကျီ၏ ခြင်းတောင်းလွတ်ကို စိတ်ဝင်တစား ကြည့်လိုက်သည်။ သို့သော်လည်း သူမက တခြားဘာမျှ မပြောပေ။

ထူးဆန်းတဲ့ နာမည်ပဲ ...

မိုဝူကျီက ထိုမိန်းကလေးမှာ စကားများများ ပြောရတာ မကြိုက်သူမှန်း သိလိုက်သည်။ သူက နောက်ထပ် မေးခွန်းများ မေးချင်သော်လည်း မကောင်းသည့် အမြင်ဖြစ်အောင် မဖန်တီးလိုပေ။ သူတို့က မိုင်းတွင်းနေရာသို့ ရောက်သည့်အခါ သူက သူမ ကျောက်တုံးနက်များ ဘယ်လိုဘယ်ပုံ ရှာကြောင်း သိနိုင်ရန် လိုက်သွားလိုက်သည်။

အင်မော်တယ်တပိုင်း နယ်ပယ် အဝင်ဝတွင် ဧရာမ သင်္ဘောပျံကြီးတစ်စင်း ရပ်နားထားသည်။ ကျင့်ကြံသူအများအပြားက ထိုသင်္ဘောပျံပေါ် ဝင်နိုင်ရန် တန်းစီနေကြပြီး မိုဝူကျီနှင့် ကျာချီလည်း ဝင်တန်းစီလိုက်ကြသည်။

သင်္ဘောပျံပေါ်မှ နေရာများကို သေချာနာမည်ကပ်ထားပြီး မိုင်းတွင်း (က)၊ (ခ)၊ (ဂ)၊ (ဃ)၊ (င) အစရှိသဖြင့် နေရာချထားသည်။ မိုဝူကျီနှင့် ကျာချီတို့က မိုင်းတွင်း (စ) နေရာသို့ သွားကာ ထိုင်ချလိုက်ကြသည်။

အကြမ်းဖျင်းအားဖြင့် နှစ်နာရီအကြာတွင် သင်္ဘောပျံက စတင်တုန်ခါလာပြီး ကောင်းကင်ထဲ ပျံသန်းသွားတော့သည်။ အင်မော်တယ်တပိုင်းနယ်ပယ်ထဲ ဖြစ်သော်လည်း ကွာဝေးလှသည်။

လူသားသစ္စာ Translation Book 4 ( 401 - 500)Where stories live. Discover now