အခန်း (၄၈၉)

Start from the beginning
                                    

မိုဝူကျီက လောင်ချိုက်၏ လက်စွပ်ကို ဖမ်းဆုပ်ထားလိုက်သည်။ တစ်ချိန်တည်းတွင် သူက ပိကန်ကို အေးအေးဆေးဆေး ကြည့်လိုက်သည်။ သူက မလှုပ်ရှားသေးသည့် အကြောင်းအရင်းမှာ ပီခန်းလည်း မလှုပ်ရှားသေး၍ ဖြစ်သည်။ အကယ်၍ သူ လောင်ချိုက်ကို သတ်နေစဉ် တိုက်ခိုက်ခဲ့ပါက  ပီခန်းကို လခြမ်းကွေး ပုဆိန်လှံရှည်ဖြင့် ပိုင်းဖြတ်ပြီးသား ဖြစ်သွားပေလိမ့်မည်။

သူက ပီခန်းနှင့် ရန်ငြိုးမရှိပေ။ သူက ဤနေရာကို သတ်ဖြတ်ရန် ရောက်လာခြင်း မဟုတ်ဘဲ သူ့အင်အားကို သက်သေထူရန် ဖြစ်ပေသည်။

“ တာအိုရောင်းရင်းမို ... ကျုပ်က ယင်ပြန့်မြို့ရဲ့ လက်ရှိမြို့စား ပီခန်းပါ ။ ဒီနှစ်ယောက်က ယုံရင်အင်မော်တယ်နယ်မြေကနေ ရောက်လာတဲ့ တာအိုရောင်းရင်း ဟူမင်နဲ့ တာအိုရောင်ရင်း ဟုန်ကျူတို့ပါ။

ကျုပ်တို့ကြားမှာ နားလည်မှု လွဲနေတာလေး ရှိနေတာ ဖြစ်ပါလိမ့်မယ်။ အဲဒီအကြောင်းကို ကျုပ် အိမ်တော်မှာ ထပ်ဆွေးနွေးရင် ဘယ်လိုလဲ ...”

ပီခန်းက မိုဝူကျီသည် လောင်ချိုက်ကို သတ်ပြီးနောက် ဘာမှ မလှုပ်ရှားသည်ကို မြင်၍  မှော်ရတနာကို ပြန်သိမ်းထားလိုက်ပြီး မိုဝူကျီဘက် လှည့်ကာ လက်နှစ်ဖက် ဆုပ်လျက် ပြောလိုက်သည်။ တစ်ချိန်တည်းတွင် သူက အခြားကျင်းရှန်းအဆင့် ကျင့်ကြံသူ နှစ်ဦးကိုလည်း မိတ်ဆက်ပေးလိုက်သည်။

ထို့နောက်  သူက မိုဝူကျီကို စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်

“ တာအိုရောင်းရင်းမိုက မဆင်မခြင် လုပ်တတ်တဲ့သူ မဟုတ်ဘူးလို့ ယုံပါတယ်။ ကျုပ်တို့တွေ ထိုင်ပြီးတော့ ပြောလိုက်ရင် တာအိုရောင်းရင်းမို  ကျေနပ်လောက်တဲ့ အရာမျိုးကို ပေးနိုင်မှာပါ ”

မိုဝူကျီက ပီခန်းကို ချက်ချင်း အဖြေမပေးသေးပေ။ ထို့အစား ဆယ်မီတာကျော်လောက်အထိ နောက်ဆုတ်နေပြီ ဖြစ်သည့် ဟုန်ကျူကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူက အေးစက်စက် ပြောလိုက်သည်

“  ခင်ဗျား နောက်ထပ်ဆုတ်ရဲရင် ကျုပ်က အဲဒီနေရာ ရောက်လာပြီး သတ်ပစ်မယ်ဆိုရင် ယုံမလား ”

လူသားသစ္စာ Translation Book 4 ( 401 - 500)Where stories live. Discover now