အခန်း (၄၈၃)

Start from the beginning
                                    

သို့သော်လည်း ထိုအရာက ဤရေဝဲဂယက်ကို အသုံချ၍ သူ့စိတ်စွမ်းအားကို လေ့ကျင့်မည့် ကိစ္စအပေါ် သက်ရောက်မှု မရှိပေ။  ပြောရလျှင် သူ့စွမ်းအား စက်ကွင်း ချေဖျက် လက်သီးချက်နှင့် အာကာသချုပ်နှောင်မှုတို့ နှစ်မျိုးလုံးမှာ သူ့စိတ်စွမ်းအား လိုအပ်ချက် မြင့်မားပေသည်။ အကယ်၍ သူ့စိတ်စွမ်းအား အားကောင်းလာပါက သူ့စွမ်းအား စက်ကွင်း ချေဖျက်လက်သီးချက်မှာ ပို၍ အားကောင်းလာလိမ့်မည်။

သူက အခက်အခဲများစွာ ကြုံတွေ့ပြီးနောက်မှ သူ့စိတ်စွမ်းအားကို လေ့ကျင့်ပေးလို့ ရသည့်နေရာကို ရှာတွေ့ခဲ့ခြင်း ဖြစ်ရာ မိုဝူကျီက မည်သို့ လက်လျော့နိုင်မည်နည်း။

ဤနေရာတွင် သူ့စိတ်စွမ်းအားကို ဆက်လက် လေ့ကျင့်နေသောကြောင့် အနက်ရောင် ဝဲဂယက် အတွင်းမှ စွမ်းအားကို အာရုံခံမိသည့် အနေအထားသို့ ရောက်ရှိလာလေပြီ။  ဤစွမ်းအားမှာ ကျယ်ပြန့်ကြီးကျယ်လှသည့် တာအို စွမ်းအားများ လှည့်လည်နေသည်နှင့် တူပေသည်။ မိုဝူကျီက မကျင့်ကြံနေသော်လည်း  သူ့ကျင့်ကြံဆင့်မှာ ဆက်တိုက် မြင့်နေကြောင်း ခံစားမိနေသည်။

ထိုစဉ် အနက်ရောင် ဝဲဂယက်မှာ ပို၍ မြန်မြန် လှည့်ပတ်လာနေသည်။ သူ့အတွေ့အကြုံအရ မိုဝူကျီသည် ထိုဝဲဂယက် မြန်မြန် လှည့်ပတ်လေလေ သူ့စိတ်စွမ်းအား အကျိုးများလေလေ ဖြစ်ကြောင်း သိထားသည်။

“ ဘုန်း ”

မိုဝူကျီ၏ စိတ်စွမ်းအားက ဝဲဂယက်အတွင်း ထိုးဖောက်နိုင်သွားသည်။ ပြင်းထန်သည့် ကြောက်မက်ဖွယ် အားတစ်ခုက ထွက်ပေါ်လာပြီး မိုဝူကျီက သူ့အသိစိတ်ပင်လယ်မှာ တစစီ စုတ်ဖြဲခံနေသလို ခံစားနေရသည်။ ပြင်းထန်လှသည့် နာကျင်မှုက သူ့အသိစိတ်တစ်ခုလုံးနှင့် စိတ်နန်းတော် တစ်ခုလုံးကို လွှမ်းမိုးသွားတော့သည်။

မိုဝူကျီက ထိုသို့ အခြေအနေမျိုး ကြုံတွေ့ပြီးပြီ ဖြစ်၍ တစ်လက်မ မှ မလှုပ်ရှားဘဲ သူ့အသိစိတ်ပင်လယ်ကိုသာ  ဝဲဂယက် အတွင်း စိတ်ကြိုက်လွတ်ပေးထားလိုက်သည်။  အတွေ့အကြုံများမှ တဆင့် မိုဝူကျီသည် သူ့စိတ်စွမ်းအားဖြင့် နာကျင်မှု ခံစားရလေလေ ပို၍ အကျိုးရှိလေလေ ဖြစ်ကြောင်း သင်ယူထားသည်။

လူသားသစ္စာ Translation Book 4 ( 401 - 500)Where stories live. Discover now