ကြမ်းခင်းဈေးကတော့ အလယ်အလတ်အဆင့် အင်မော်တယ်ကျောက် ခုနှစ် သိန်းပါ။  တစ်ခါတိုးတိုင်း အနည်းဆုံး တစ်သောင်းပါ  ”

“ အင်မော်တယ်ကျောက် ခုနှစ်သိန်းခွဲ ”အဆင့် ၄ အင်မော်တယ် ပစ္စည်းဖြစ်သည့် စိတ်ကူးယဉ် မောင်းပေါ်လာသည်နှင့် လေလံဆွဲသူ ရှိလေသည်။ မိုဝူကျီ နောက်လိုက်ရန် ပြင်နေကြသော တချို့ကျင့်ကြံသူများပင် ပြန်လှည့်လာကြသည်။

“ အင်မော်တယ်ဝင်ရိုးကျောက်တုံး သုံးထောင်ရယ်  ...

ကျုပ် ဝယ်ထားတဲ့ ဆေးမီးဖိုရယ် နောက်ထပ် အလယ်အလတ်အင်မော်တယ်ကျောက် တစ်သိန်း ရှစ်သောင်းရယ် ”

ထွက်ရန် ပြင်နေသော မိုဝူကျီက ရပ်ကာ ရုတ်ချည်း လေလံဆွဲလိုက်သည်။

မိုဝူကျီ လေလံဆွဲလိုက်သည်ကို မြင်ပြီး အားလုံးက မိုဝူကျီကို တစ်ယောက်ယောက်ကို ရန်စမိတော့မည်မှန်း သိလိုက်ကြသည်။ အဆင့်မြင့်အင်မော်တယ်ကျောက် တစ်သိန်း ပေးနိုင်သည့် သူများအထဲ  ရိုးရှင်းသည်သူ  မပါချေ။

လီယွဲ့က  ပြောစရာမဲ့စွာဖြင့်

  “ ဒီက တာအိုရောင်းရင်း ကျမတို့က အင်မော်တယ်ဝင်ရိုးကျောက်တုံး ဒါမှမဟုတ် အင်မော်တယ်ကျောက်ပဲ လက်ခံတာပါ။ ဆေးမီးဖိုကို အဲလိုထဲ မပါပါဘူးရှင် ”

“အာ ” တစ်လုံးဖြင့် မိုဝူကျီက လေလံပွဲစင်မြင့်ထက်၌ မျှောနေသော ဆေးမီးဖိုကို မလိုလားစွာ ကြည့်လိုက်သည်။ သူ့မျက်လုံး၌ စိတ်ပျက်မှု အရိပ်အယောင်များကို တွေ့မြင်နိုင်လေသည်။

“ အလယ်အလတ်အင်မော်တယ်ကျောက် ရှစ်သိန်းခွဲ ” လီယွဲ့က ဆေးမီးဖိုကို လေလံကြေးအဖြစ် လက်မခံကြောင်း ပြောသော်လည်း ယခင် ကျင့်ကြံသူမှာ သူ့ဈေးနှုန်းကို တိုးမြင့်ရန် ရွေးချယ်လိုက်ဆဲ ဖြစ်သည်။

သို့သော်လည်း ထိုလေလံကြေးမှ တဆင့် မိုဝူကျီက ချမ်းသားပြီး ကမူးရှူးထိုး လုပ်တတ်သည့် သူ့ပုံရိပ်မှာ ပျက်စီးသွားတော့သည်။ နုံ့အနေသော သူပင် မိုဝူကျီတွင် အင်မော်တယ်ဝင်ရိုးကျောက်တုံးများ မကျန်တော့ကြောင်း သိပေမည်။ အကယ်၍ မိုဝူကျီတွင် အင်မော်တယ်ဝင်ရိုးကျောက်တုံးများ ကျန်ရှိနေပါက သူ့ကမူးရူးထိုး စရိုက်ဖြင့် သူက အင်မော်တယ်ဝင်ရိုးကျောက် တစ်သောင်းပေးဖို့ရာ တုံ့ဆိုင်းနေမည် မဟုတ်ပေ။

လူသားသစ်စာ Translation Book 4 ( 401 - 500)Where stories live. Discover now