အခန်း (၄၆၈)

Start from the beginning
                                    

မိုဝူကျီက သူ့ကိုယ်သူ ပုန်းကွယ်နေရန် ရည်ရွယ်ချက် မရှိသည့်အတွက် စိတ်ထဲ မထားပေ။

ဟန်ချင်းရုနှင့် ထုံယဲ့တို့က မိုဝူကျီ၏ ရည်ရွယ်ချက်ကို ကောင်းကောင်း သိ၍ သူ့ဘေးနား တိတ်တဆိတ် ရွေးချယ်ထိုင်လိုက်ကြသည်။ သူတို့က ဤလေလံပွဲ ပြီးဆုံးသွားသည်နှင့် တိုက်ပွဲကြီး ဖြစ်တော့မည်မှန်း  သိပေသည်။

အကယ်၍ သူတို့အနိုင်ရလျှင် သူတို့က ယင်ပြန့်မြို့ဆီ သွားနိုင်မည် ဖြစ်ပြီး ရှုံးနိမ့်သွားပါက  ပြောစရာ မကျန်ရှိတော့ပေ။

လေလံပွဲမှာ ယုံရင်အစွန်းအဖျားနေရာမှ အင်အားစုကြီးများ ပြုလုပ်သည့် စုပေါင်းလေလံပွဲ ဖြစ်၍  ဤလေလံပွဲကို တက်ရောက်သည့် လူအရေအတွက်မှာ အင်မတန် များပြားပြီး  ယုံရင်၏ ထင်ရှားကျော်ကြားသည့် လူအများစု ရောက်ရှိနေကြသည်။   မိုဝူကျီတို့အဖွဲ့ ထိုင်ပြီးသည့်နောက်တွင် ဒယ် သဏ္ဍာန် လေလံပွဲနေရာမှာ လူများဖြင့် ပြည့်သွားလေသည်။

တစ်နာရီအကြာတွင်  ကျောက်စိမ်းပြား ပါရှိသည့် ကျင့်ကြံသူတိုင်း ဝင်ပြီးသည့်နောက်  လေလံပွဲ အဝင်ဝ၌ အတားအဆီးများ ချထားလိုက်သည်။

လေလံပွဲနေရာ အလယ်၌  မီတာအတော် ကျယ်ဝန်းသော သလင်းကျောက် စင်မြင့် တစ်ခု ဖြစ်ပေါ်လာကာ အတော်လေး အချိုးအစား လှပသော အမျိုးသမီးတစ်ဦးက ထိုအပေါ်၌ ရပ်နေလေသည်။ မိုဝူကျီကို ထိုအမျိုးသမီးကို တစ်ချက်ကြည့်ရုံဖြင့် သူမ၏ အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းပြီးသွားပြီး  ကောင်းကင်အင်မော်တယ် ပြီးပြည့်စုံခြင်းအဆင့်တွင် ရှိနေကြောင်း သိလိုက်သည်။

လေးဖက်လေးတန်လုံးကို ဦးညွှတ်ပြီးနောက် ထိုအမျိုးသမီးက ကြည်လင်ပြတ်သားသော အသံဖြင့် ပြောလိုက်သည်

“ ယုံရင်အစွန်းအဖျား၏ ပေါင်းစပ်လေလံပွဲကို ဆယ်စုနှစ် တကြိမ် ကျင်းပတာဆိုတော့ ယုံရင်အစွန်းအဖျားရဲ့ အကြီးဆုံး လေလံပွဲအဖြစ် သတ်မှတ်လို့ ရပါတယ်ရှင် .... ဒီလေလံပွဲကို ဦးစီးမဲ့သူကတော့ လီယွဲ့ ဖြစ်ပါတယ်ရှင် ....

ယုံရင်အစွန်းအဖျားနေရာအတွင်း ရှိနေတဲ့ မြိုကြီးများ ကိုယ်စား ကျမက လေလံပွဲကို ကြွရောက်လာတဲ့ ဧည့်ပရိတ်သတ်အပေါင်းကို ကြိုဆိုပါတယ်ရှင်   အားလုံးလည်း ကိုယ်ကြိုက်နှစ်သက်ရာ ရတနာကို အိမ် အထိ ယူဆောင်သွားနိုင်ဖို့ရာ ကံကောင်းကြပါစေရှင် .....

လူသားသစ္စာ Translation Book 4 ( 401 - 500)Where stories live. Discover now