အခန်း (၄၅၅)

Start from the beginning
                                    

“ စီနီယာအစ်မ ချင်းရု  အဲဆို ကျုပ်ကိုလည်း ဆေးဆရာမို လို့ မခေါ်ပါနဲ့။ ကျုပ်လည်း ဆေးဆရာရယ်လို့တော့ မဟုတ်ဘူး  ”

“ အဲဆို ဂျုနီယာမောင်လေးမိုလို့ ခေါ်ပါ့မယ် ”

ဟန်ချင်းရုက ပန်းမြိုင်ရာ အိမ်တော်နှင့် ပတ်သတ်သည့် ကိစ္စများကို ရှင်းပြမည့်အစား 

“ ဟဲလျန် ကုန်သည်အိမ်တော်က တကယ်တော့ အင်မော်တယ်လောကရဲ့ ဟဲလျန်ကုန်သည် အဖွဲ့အစည်းခွဲ တစ်ခုပဲ။ ယင်ပြန့်မြို့က အဆောက်အဦးကလဲ ဟဲလျန်ကုန်သည်အိမ်တော်ကို မျက်နှာသာပေးတာ ပြဖို့ ဆောက်ထားရုံ သပ်သပ်ပဲ။

ပြီးတော့ လောင်ချိုက်ရဲ့ ကျင့်ကြံဆင့်က ကျင်းရှန်း (ရွှေအင်မော်တယ်) အဆင့်ထိတောင် ရောက်သွားပြီ။ ပြီးတော့ သူက ဟဲလျန်ကုန်သည်အိမ်တော်ရဲ့ အပြောင်းလဲမျှခြေ အဆောင်တွေလဲ ရှိသေးတယ် ”

မိုဝူကျီ မေးချင်သည့် မေးခွန်းများ အစီအရီပေါ်လာလေ၏။ အင်မော်တယ်နယ်မြေနှင့် အင်မော်တယ်လောကကြားက ကွာခြားချက်က ဘာဖြစ်မည်နည်း။ ရွေအင်မော်တယ်အဆင့်ဆိုသည်မှာ ဘယ်လိုအမျိုးအစား ဖြစ်သနည်း။ သို့သော်လည်း သူက ထိုမေးခွန်းများကို ဖြည်းဖြည်းချင်း မေးရမည်မှန်း သိပေသည်။ ဟန်ချင်းရုက ထိုမေးခွန်းများကို တရစပ် ဖြေနိုင်မည် မဟုတ်ပေ။

ဟန်ချင်းရုက မိုဝူကျီက အားလုံးကို လုံးစေ့ပတ်စေ့ မသိဘဲ ဖြစ်နေသည်ကို မသိရှာပေ။ သူမက ဆက်ပြောလိုက်လေ၏

“ လောင်ချိုက်မှာ အဲဒီ အဆောင်ရှိနေတာဆိုတော့ သူက ယင်ပြန့်မြို့ထဲမှာ နေနိုင်သလို သူ သွားချင်တဲ့နေရာကို စိတ်ကြိုက်သွားနိုင်တယ်။ ပြီးတော့ အမည်မသိတဲ့ အကြောင်းပြချက်တချို့ကြောင့် သူက  ပန်းမြိုင်ရာအိမ်တော်မှာ ချောင်မူရှစ် စာအုပ်ရှိတာကို သိသွားပြီးတော့ ချက်ချင်း အငမ်းမရ လိုချင်လာတယ်

သူ ဘာမှမလုပ်နိုင်ခင်မှာ  ပန်းမြိုင်ရာ အိမ်တော်က သူတို့ရဲ့ ပိုင်ဆိုင်မှု အဲဒီစာအုပ်အကြောင်း  အပြင်ပေါက်ကြားသွားတာ သိလိုက်ကြတယ်။

ပြီးတော့ ပန်းမြိုင်ရာအိမ်တော်ရဲ့သခင်လေးက ကျမကို စွဲလမ်းနေတာဆိုတော့  သူက  ကျမရဲ့ မိထွေးဆီ ချည်းကပ်ပြီးတော့ ကျမနဲ့ လက်ထပ်ပွဲ စီစဉ်ဖို့ တောင်းဆိုခဲ့တယ်။ 

လူသားသစ္စာ Translation Book 4 ( 401 - 500)Where stories live. Discover now