မိုဝူကျီ အပေါ်ထပ် ရောက်သွားသည်နှင့် စီမံခန့်ခွဲရေးမှူးဟဲက အခန်းထဲ ဝင်လာ၏။ သူက ဝင်ဝင်လာချင်း  တန်းမနှုတ်ဆက်ချေ။  ဟန်ချင်းရုတစ်ယောက်တည်း ရှိနေသည်ကို မြင်မှ   သူက မြန်မြန် ဦးညွှတ်ကာ

“  ရှုဖုန်းက အိမ်တော်သခင်မကို နှုတ်ဆက်ပါတယ် ”

ဟန်ချင်းရုက မထူးမခြားနား ပြန်ပြောလိုက်သည်  “စီမံခန့်ခွဲရေးမှူးဟဲ .. ယုံရင်အင်မော်တယ်နေရာက ပြန်လာပြီလား ”

စီမံခန့်ခွဲရေးမှူးဟဲက မြန်မြန် ပြောလိုက်သည်

“ ကျုပ် ထွက်သွားတုန်း  လုပ်ဖို့  ကျန်နေတဲ့ကိစ္စကို သတိရလိုက်လို့ပါ။ အဲဒါကြောင့် ပြန်လာလာပါ။ ပြီးတော့ အိမ်တော်သခင်မကို ကျုပ် နက်ဖြန်မှ ယုံရင်အင်မော်တယ်နေရာဆီ သွားတော့မယ်လို့ လာအကြောင်းကြားတာပါ ”

ဟန်ချင်းရူက ခေါင်းညိတ်ကာ   “ ဒီလိုဆိုမှတော့  ရှင် ထွက်သွားလို့ ရပါပြီ ”

“ဟုတ် ” စီမံခန့်ခွဲရေးမှူးဟဲ ထွက်သွားသည့်အခါ သူက မိုဝူကျီ သောက်လက်စ လက်ဖက်ရည်ကြမ်းခွက်ကို တစ်ချက် ကြည့်လိုက်သည်။ မလိုအမုန်းထားသည့် အရိပ်အယောင်က သူ့မျက်လုံး၌ ထင်ဟပ်လာသည်။

စီမံခန့်ခွဲရေးမှူးဟဲ ထွက်သွားသည်နှင့် ဟန်ချင်းရူက အပေါ်ထပ် မြန်မြန်  တက်လာလေ၏။

....................

စီမံခန့်ခွဲရေးမှူးဟဲက သူ့အိမ်ကို ပြန်ရောက်လာပြီး မကြာခင်တွင် မီးခိုးရောင်ဝတ်စုံနှင့် အစေခံတစ်ယောက်က ရောက်လာပြီး မေးလိုက်သည်

“စီမံခန့်ခွဲရေးမှူး ဘာလို့ အဲကောင်ကို ဆွဲမထုတ်တာလဲ ”

“ သူ ထွက်သွားတာ မြင်လိုက်လား ” စီမံခန့်ခွဲရေးမှူးဟဲက မကျေမနပ် အမူအယာဖြင့် မေးလိုက်သည်။

မီးခိုးရောင် ဝတ်စုံနှင့် အစေခံက မြန်မြန် ပြောလိုက်သည်

“ မိုဝူကျီ ထွက်မလာသေးတာ သေချာတယ်။ သူ ဝင်သွားတုန်းက ကျုပ်  စီမံခန့်ခွဲရေးမှူးဆီ သတင်းလှမ်းပို့လိုက်တာပဲ ။ ပြီးတော့ ကျုပ် အပြင်ဘက်ကနေ တောက်လျှောက်စောင့်ကြည့်နေတာ။ ဒါပေမဲ့  စီမံခန့်ခွဲရေးမှူး ပြန်ရောက်လာတော့ ဟို လူအိုကြီး ဝေ့ဝူက အကြောင်းကြားလိုက်တာပဲ ”

လူသားသစ်စာ Translation Book 4 ( 401 - 500)Where stories live. Discover now