အခန်း (၄၅၁)

Start from the beginning
                                    

ထိုအတွေးဖြင့် မိုဝူကျီက

“ အဆင့် ၂ အင်မော်တယ်ဆေးပင်” နှင့် “ အဆင့် ၃ အင်မော်တယ် ဆေးပင်” ဟု ဆိုင်းဘုတ်တပ်ထားသည့် နေရာဆီ လျှောက်လာကာ နည်းနည်း ယူလိုက်သည်။

သူတို့က မိုဝူကျီ တစ်ယောက် အဆင့် ၂ နှင့် အဆင့် ၃ အင်မော်တယ်ဆေးပင်များ ထိသည်ကို မြင်သောအခါ အားလုံးက ကြောင်အသွားကြသည်။ သို့သော်လည်း မည်သူမျှ ဘာမှ မပြောကြသလို သူ့အပြုအမူကို သွား၍လည်း မတိုင်ကြားကြပေ။

ထိုဆေးလုံးဆရာများမှာ သတ္တိကြောင်ကြသော်လည်း သူတို့က စီမံခန့်ခွဲရေးမှူးဟဲ အမိန့်တိုင်း နေနေသည့် နောက်လိုက်ခွေးများ မဟုတ်ချေ။

မိုဝူကျီက အဆင့် ၁ ဆေးပင် သန့်စင်မှုကို  စတင်ဆောင်ရွက်လိုက်သည်။ တစ်နာရီအကြာတွင် သူက အဆင့် ၂ ဆေးပင်များကို စတင်သန့်စင်လိုက်ပြီး နောက်ထပ် တစ်နာရီအကြာတွင် သူက အဆင့်  ၃ ဆေးပင်များကို စလိုက်သည်။

ဝမ့်ဟယ်ကျန်း အပါအဝင် ဆေးလုံးဆရာအားလုံးက မိုဝူကျီ၏ အဆင့် ၂ နှင့် အဆင့် ၃ သန့်စင်မှုများကို ကြည့်ပြီး မှင်တက်နေကြသည်။

မည်သူကမျှ မိုဝူကျီ၏ သန့်စင်နိုင်နှုန်းနှင့် နည်းလမ်းကို ယှဉ်နိုင်မည် မဟုတ်ပေ။

ဝမ့်ဟယ်ကျန်းက မိုဝူကျီကို လမ်းညွှန်ပေးရန် လှည့်လိုက်သည့်အချိန် မိုဝူကျီ လက်ထဲမှ အဆင့် ၁  အင်မော်တယ်ဆေးပင်မှာ ပြာကျသွားလေ၏။

ချက်ချင်းဆိုသလို  အားလုံးက တုန်လှုပ်တကြီး ရှာဖွေတွေ့ရှိသွားလေသည် ။ ထိုဆေးပင်နောက်မှ ဆေးပင်တိုင်းက ကျရှုံးမှုတိုင်း ဖြစ်နေသောကြောင့် ဖြစ်သည်။ ပြောရလျှင် မိုဝူကျီ၏ ဦးဆုံးအောင်မြင်မှုနောက်ပိုင်းတွင် ဆက်တိုက် ကျရှုံးနေလေ၏။

သို့သော်လည်း မိုဝူကျီက အင်မော်တယ်ဆေးပင်များကို ရှေ့နောက်မကြည့် ဆက်သုံးစွဲနေသေးသည်။

မိုဝူကျီ တစ်ယောက်တည်းသာ အဖြစ်အပျက်ကို နားလည်နိုင်ပေသည်။ သူ ကျရှုံးသည့် အကြိမ်တိုင်း သူ့သန့်စင်နှုန်းမှာ ရာနှုန်းပြည့်နား နီးကပ်လာလေ၏။ အကယ်၍ သူက ရာနှုန်းပြည့်သာ မရည်ရွယ်ထားလျှင် သေချာပေါက် တစ်ကြိမ်တစ်ခါမျှ ကျရှုံးမည် မဟုတ်ပေ။

လူသားသစ္စာ Translation Book 4 ( 401 - 500)Where stories live. Discover now