ယင်မီးတောက် ကင်းခြေများ အကောင်များမှာ ယင်စွမ်းအား ကဲ့သို့ ဖြစ်ရုံသာမက သူတိုက မီးတောက်နှင့်လည်း တူပေသည်။ ပြောရမည်ဆိုလျှင် ယင်မီးတောက် ကင်းခြေများ အကောင်များက ထိုသို့ ဝိရောဓိ ဖြစ်ဖွယ် သက်ရှိနမူနာ ဖြစ်၏။

မိုဝူကျီက ဆရာကြီးဖူကျိထက် ရှင်းရှင်းလင်းလင်း မြင်ထားသည်။ သူက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်  “ တကယ်လို့ ကျုပ် မထွက်သွားရင် ကျုပ်တို့ထဲက ဘယ်သူမှ အသက်ရှင်နိုင်မှာ မဟုတ်တော့ဘူး။ ဆရာကြီးဖူကျိ ပြောတာ မှန်တယ်။ အဲဒါတွေက ယင်မီးတောက် ကင်းခြေများ ဥတွေပဲ ....

အဲဒီဥတွေက ကျုပ်တို့ တိုက်သင်္ဘောရဲ့ဝိညာဉ်စွမ်းအားတွေကြောင့်  လာတွယ်ကပ်နေတာ။ မကြာခင် သူတို့တွေ ပေါက်လာလိမ့်မယ်။ အဲအကောင်တွေ ဥပေါက်လာတာနဲ့ တိုက်သင်္ဘောအပြင်ပန်းကို ကိုက်ပစ်ကြလိမ့်မယ်။ တကယ်လို့ ကျုပ်တို့ အပြင်ဘက် အကာအရံသာ တိုက်စားခံရရင် အကုန်သေကုန်ကြလိမ့်မယ် ... ”

မိုဝူကျီ၏ စကားလုံးများကြောင့် အားလုံးက တိတ်ဆိတ်သွားကြသည်။ သူတို့အားလုံးက ယင်မီးတောက် ကင်းခြေများ၏ ကြောက်ရွံစရာများကို ကြားဖူးကြသော်လည်း တစ်ခါမျှ မျက်မြင်ကိုယ်တွေ့ မမြင်ဖူးကြပေ။

ဘေးတွင် ထုံချိန်က မတုန်မလှုပ် ပြောလိုက်သည်

“ တာအိုရောင်းရင်းမို .. ဆရာကြီးဖူကျိ ပြောတာ မှန်တယ်။ အဲဒါတွေက  ယင်မီးတောက် ကင်းခြေများတွေ ဖြစ်နေမယ်ဆိုရင် မီးတောက်က ဒီပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး ။ ယင်မီးတောက် ကင်းခြေများတွေက မီးသဘာဝ သားရဲဆိုတော့ မီးတောက်က သူတိုကို ထောက်ပံ့ပေးသလိုတောင် ဖြစ်နေဦးမှာ ... ”

မိုဝူကျီက ခေါင်းညိတ်ပြကာ   “ ဒါပေမဲ့ ကျုပ် မီးတောက်က သာမာန်မီးတောက် မဟုတ်ဘူးဆိုတာ အားလုံးလဲ သိမှာပါ။ ပြီးတော့ ယင်မီးတောက် ကင်းခြေများက မီးတောက်ကို မကြောက်ဘူးဆိုတာက အရွယ်ရောက်နေတဲ့ အကောင်တွေကို ပြောတာ ဖြစ်လိမ့်မယ်။ ဒီဟာလေးတွေက ဥပေါက်လေးတွေဆိုတော့ မဖျက်စီးနိုင်ဘူးဆိုတာ ကျုပ် မယုံဘူး ”

လူသားသစ်စာ Translation Book 4 ( 401 - 500)Where stories live. Discover now