အခန်း (၄၁၂)

Start from the beginning
                                    

" သခင်ပုဆိန် ... သူက ကျမတို့နဲ့ ပူးပေါင်းမှာ မဟုတ်ဘူးဆိုတဲ့ ခံစားချက် ရနေတယ်။ အဲဒါကြောင့် သူ့ကို တိုက်တွန်းနေစရာ မလိုတော့ဘူး။ ပြီးတော့ သူ့ကို သွားပြီး ရန်မစတာ အကောင်းဆုံးပဲ။ သူက မြေကမ္ဘာအင်မော်တယ်အဆင့် မရောက်သေးပေမဲ့ ကျမအတွက်တော့ သူက တော်တော်အားကောင်းတယ် ..." ကူယာက လေးလေးနက်နက် ပြောလိုက်သည်။

"ညီမကူ .... အရမ်းစိုးရိမ်လွန်းနေတာ မဟုတ်ဘူးလား။ သူက သတ္တိကောင်းတာတော့ ဝန်ခံပါတယ်။ ပြီးတော့ အစီအရင်ကိုလည်း ကောင်းကောင်း နားလည်ပေမဲ့ သူက လူသစ်လေးပဲလေ " ရှီရှားက မျက်မှောင်ကျုတ်ကာ ပြောလိုက်သည်။

သခင်ပုဆိန်က လက်ကာပြကာ ရှီရှား ဆက်ပြောနေခြင်းကို တားဆီးလိုက်သည် " ကူယာရဲ့ အလိုလိုသိစိတ်က ဘယ်တော့မှ မမှားဘူး။ ပြီးတော့ ငါလည်း သူ့ဆီက အန္တရာယ်ကို ခံစားမိနေတယ်။ ငါတို့ သူ့ဆီက ကျောက်တုံးနက် ရရင် အကျိုးမြတ် ရတာပဲလေ။ နောက်တစ်ကြိမ် တွေ့ရင် ငါတို့နဲ့ ပူးပေါင်းဖို့ စိတ်ဝင်စားလားတော့ မေးကြည့်ကြတာပေါ့။ စိတ်မဝင်စားရင်တော့ ပြဿနာနည်းလေ ကောင်းလေပေါ့ကွာ ... "

ရှီရှန်းက သခင်ပုဆိန်ကို နားမလည်စွာ ကြည့်လိုက်ပြီး သခင်ပုဆိန်ဆီမှ " ပြဿနာနည်းလေ ကောင်းလေ" ဟူသော စကားကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

.......................

" ရှင် ကျောက်တုံးနက် တစ်တုံးကို စိတ်စွမ်းအင် ကျောက်ချော ၂၅ တုံး ရလာအောင် လုပ်နိုင်ခဲ့တာကို တကယ် မယုံနိင်သေးဘူ " သူတို့ မှောင်ခိုဈေးကွက်နှင့် ဝေးလာသည့်အခါ ကျာချီက မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

" ဘာလို့လဲ။ စီးပွားရေးဆိုတာ ညှိညှိနှိုင်းနှိုင်း လုပ်ရမှာပဲ မလား " မိုဝူကျီက ပြန်ဖြေလိုက်သည်။

ကျာချီက သက်ပြင်းချကာ " အဲဒီအိမ်ထဲမှာ သေတဲ့ ထိပ်တန်း ကျင့်ကြံသူ ဘယ်နှယောက် ရှိပြီ ထင်လဲ။ သူ့နာမည်ပြောင်ကိုက သခင်ပုဆိန် ပြီးတော့ အရမ်းအားကောင်းတယ်။ သာမာန်အခြေအနေအောက်မှာ သူက ညှိနှိုင်းမှု ခွင့်မပြုဘူးဆိုရင် ညှိနှိုင်းရဲတဲ့သူက အဲဒီအိမ်ကနေ အသက်ရှင်လျက် ထွက်မလာနိုင်တော့ဘူးလို့ ဆိုလိုတာပဲ .... "

လူသားသစ္စာ Translation Book 4 ( 401 - 500)Where stories live. Discover now