အခန်း (၄၀၁)

Depuis le début
                                    

မိုဝူကျီက မည်သူမျှ မပြောကြသည်ကို သတိပြုမိပြီး တည့်တိုးပြောလိုက်သည်  “ ဒီလိုဆိုမှတော့ ကျုပ် အရင်ဝင်ပါ့မယ်။ အားလုံးကို နှုတ်ဆက်ခဲ့ပါတယ် ... ”

သူ့စကားအဆုံးတွင် မိုဝူကျီက ရှေ့တိုးကာ ထိုအပေါက်ကြီးထဲ ဝင်သွားတော့သည်။

မိုဝူကျီ ဝင်သွားပြီးနောက် လော့ချွမ်းဟယ်လည်း ဘာမျှပြောမနေတော့ဘဲ မိုဝူကျီနောက်သာ လိုက်ပါသွားလေ၏။ ပထမနှင့် ဒုတိယလူ ဝင်ရောက်သွားတာကို သေချာလေ့လာပြီးနောက် ကျန်လူများမှာလည်း အတွင်းပေါက်ထဲ တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက်သွားသည်။ ဤအတွင်းပေါက် မည်သို့ ဖြစ်ပေါ်စေလာကာမူ မိုဝူကျီက ဤသည်မှာ အနည်းဆုံးတော့ ထွက်လမ်းဖြစ်ကြောင်း ပြောသည်က လိမ်ညာနေခြင်း မဟုတ်ပေ။

မိုဝူကျီ ထိုအတွင်းပေါက်ထဲ ဝင်လာသည်နှင့် သူက ကြယ်တာရာသခင်တောင်ထက်ပင် သိပ်သည်း၍ အဆင့်မြင့်သော ဝိညာဉ်စွမ်းအားများကို ခံစားမိလိုက်သည်။ ထိုအပေါက်မှာ အင်မော်တယ်လောကကို ဦးတည်နေတာလားဟုပင် သံသယ ဝင်လာမိသည်။

တမူထူးလှသည့် လေပွေမှာ ဓားသွားများ ပါဝင်နေသည့်အလား မိုဝူကျီကို မဝင်နိုင်ရန် တားဆီးထားရုံသာမက သူ့ခန္ဓာ၌ ဒဏ်ရာတွေ တစ်ခုပြီး တစ်ခု ဖြစ်ပေါ်လာစေသည်။

မိုဝူကျီက ဆူးနစ်လေဂိတ်ကို ကြုံတွေ့ဖူးသည့်အတွက် ထိုလေပြင်းမှာ သူ့ကို ဒဏ်ရာရစေသော်လည်း အပြည့်အဝ ကန်ထုတ်ဖို့အထိ လိုအပ်နေသေးသည်။

ထိုအပေါက်ကြီးမှာ အဆုံးမဲ့လမ်းကြောင်းနှင့် တူသောကြောင့် မိုဝူကျီက ရှေ့ဆက်တိုးနေဆဲ ဖြစ်သည်။ တစ်လ ကုန်ဆုံးသွားကာ အမာရွတ်များစွာ ရရှိပြီးနောက် သူက ထိုလေပြင်းမှာ အားနည်းသွားသောကြောင့် မိုဝူကျီ၏ အမြန်နှုန်းမှာ အတော်လေး မြန်ဆန်နေပေသည်။ ရက်အချို့ ကြာပြီးနောက် မိုဝူကျီ၏ စိတ်စွမ်းအားမှာ အလုပ်ပြန်လုပ်လာနိုင်သလို တစ်ကိုယ်လုံးမှာလည်း ပေါ့ပါးလာကာ အားတစ်ခုက သူ့အား သယ်ဆောင်သွားတော့သည်။

ဒါက အာကာသ အစီအရင်းဂိတ်တံခါးပဲ ....

ကျန်းရှင်း လောကတိုင်တွင် အာကာသ အစီအရင်ဂိတ်တံခါး ရှိနေသောကြောင့် မိုဝူကျီက ထိုသို့မျိုး အစီအရင်မျိုးနှင့် ရင်းနှီးလှပေသည်။ သူက သူ့တစ်ကိုယ်လုံးကို ထိုအားဆွဲခေါ်သွားတာကို ခွင့်ပြုလိုက်သည်။

လူသားသစ္စာ Translation Book 4 ( 401 - 500)Où les histoires vivent. Découvrez maintenant