15

10 4 2
                                    

Zawgyi

ဒီနေ့သည်လည်း ထိုလူသားနဲ့ကုန်ဆုံးနေကျလို သာမန်နေ့တစ်ရက်ပင်။ စစ်ပိုင်ဘဝတွင် ​ယောက်ျားတစ်ယောက်ကို ကြိုက်လိမ့်မည်ဟု ဘယ်တုန်းကမှမတွေးခဲ့ဖူးပေ။ မျက်ဝန်းပြာတွေနဲ့ ထိုလူသားပြုံးလိုက်တိုင်း နှလုံးခုန်မြန်လာတာကို သတိပြုမိသည်မှာကြာလေပြီ။

အစကတော့ ငယ်ငယ်ကတည်းက မင်းခေတ်နဲ့စစ်နိုင်ကိုသာ ပေါင်းဖူး၍ သူငယ်ချင်းအသစ်ရတာကြောင့် စိတ်လှုပ်ရှားသည်ဟုထင်ခဲ့သော်လည်း မင်းခေတ်နဲ့ဖုန်းပြောရင်တောင် ဒီလိုခံစားချက်မျိုးတစ်ခါမှမခံစားခဲ့ရ။

"စစ်ပိုင် ဒီသံလမ်းအတိုင်းသွားရင် အရမ်းမိုက်တဲ့နေရာတစ်ခုရှိတယ် မင်းလည်းကြိုက်လောက်မှာ ငါဆိုငယ်ငယ်ကငါ့သူငယ်ချင်းနဲ့ ခနခနသွားတာ"

ထိုသူနှင့်စရင်းနှီးကတည်းက သူ့နာမည်ကိုပြောပြဖို့ပင်ဝေးစွ။ ကြာလေတော့ 'ငါ့သူငယ်ချင်း' ဆိုတဲ့သူကိုပင် မမြင်ဖူးသည့်တိုင် စောက်မြင်ကတ်နေလေပြီ။

"စစ်ပိုင် ငါပြောတာနားထောင်နေလား"

အတွေးနက်နေတုန်း သူဘာတွေပြောသွားလဲ မသိတာကြောင့် ပါးစပ်ထဲရှိရာသာ ​ပြောလိုက်ရတော့သည်။

"အော်အေး မင်းသူငယ်ချင်းကရော ဘယ်ရောက်သွားတာလဲ"

ပါးစပ်ထဲရှိတာ ​မေးလိုက်သော်လည်း တစ်ဖက်လူရဲ့ မျက်နှာမှာရုတ်ချည်း ညှိုးကျသွားတာကြောင့် စစ်ပိုင်အနည်းငယ် ထိတ်လန့်သွားရသည်။

"သူအရင်နှစ်က ဆုံးသွားတာ"

/FUCK!!!!/

အမြဲတစေ တောက်ပနေတဲ့ မျက်ဝန်းပြာတွေသည်လည်း အရောင်ဖျော့စပြုလာသည်။

"အာ....sorryပါကွာ ငါလည်းမင်းခနခနပြောနေတော့
သိချင်လို့ မေးကြည့်လိုက်တာ"

ထိုအခါမှ သူဘက်လှည့်ကာ အပြုံးမမည်သော အပြုံးတစ်ခုကိုပြုံးပြလိုက်ရင်း....

"ရပါတယ်ကွာ ငါလည်းဒီတိုင်း သူ့ကိုပြန်သတိရသွားလို့ပါ
ဟော ဟိုမှာငါပြောတဲ့နေရာရောက်ပြီ"

ပြောရင်းဆိုရင်းနဲ့ ရထားသံလမ်းဘေးနား ​ပြေးဆင်းသွားလေသည်။ ချောင်းလားဘာလားတော့မသိ အဲ့အပေါ်တွင်ရထားလမ်းကို တံတားသဖွယ် ဆောက်ထားခြင်းဖြစ်သည်။

Paing (Z~U)Hikayelerin yaşadığı yer. Şimdi keşfedin