14

16 4 2
                                    

Zawgyi

ရေပန်းထဲက စီးကျလာတဲ့ ရေတို့နဲ့အတူ ခုနကအိပ်ချင်မူးဖြစ်နေတဲ့ စိတ်များပျောက်သွားပြီး ကားပေါ်မှာဖြစ်သွားတဲ့ ပုံရိပ်များက ခေါင်းထဲအစီအရီပေါ်လာလေသည်...

"ချီးဘဲ ရှက်လိုက်တာ စောက်ကျိုးနည်းတွေကိုဖြစ်လို့ ဟိုလဒကလည်း မှတ်မိရင် မှတ်မိတယ်မပြောဘူး လီးမို့လို့ ငါမမေးလို့မပြောတာတဲ့လား"

ရေချိုးခန်းထဲ ကျိန်ဆဲနေသံတို့ကို အတိုင်းသားကြားနေရတဲ့ ရတုတစ်ယောက် ခိုးရယ်ရုံမှတစ်ပါးမတတ်နိုင်တော့ပေ....

အနည်းဆုံးတော့ သူသရုပ်ဆောင်ကောင်းတာကြောင့် အရိုင်းတုံးတစ်ယောက် သူ့ကိုယဉ်ယဉ်ကျေးကျေး စကားပြောခဲ့တယ်မလား....

"ဟဲ့ ဟိုလဒ!"

ခနနေတော့ ဘာဖြစ်တယ်မှန်းမသိ အသံနက်ကြီးနဲ့ ထအော်လေသည်....

"ငါ့ကိုရေလဲပုဆိုးပေးဦး ငါယူခဲ့လို့မေးသွားလို့"

"အေး ခဏစောင့် ငါယူခဲ့မယ်"

ခဏကြာတော့မှ....

"စစ်ပိုင် ငါပုဆိုးယူခဲ့ပြီ တံခါးဖွင့်ပေးဦး"

"ပုဆိုးလေးတစ်ထည်သွားယူတာကို ဘုရားတစ်ဆူပွင့်တယ်"

ကျိန်ဆဲရင်း တံခါးဖွင့်လိုက်တော့...

Kingဆိုတဲ့ဂုဏ်နဲ့အညီ ဘာမှပြောစရာမရှိတဲ့ ခန္ဓာကိုယ်အချိုးအစား ရတုလောက်တော့ အသားမဖြူပေမယ့် ညိုတဲ့ဘက်လည်းမရောက် ရေတွဲခိုနေတဲ့ ဆံပင်တွေကြားမှ မျက်ဝန်းညိုတို့ကလည်း ထင်းနေပေသည်....

ခက်တာက အရပ်ကပုနေတော့...

"မင်းအရပ်ဒီလောက်ပုနေတာ အင်္ကျီမဝတ်နဲ့တော့ ငါ့ပုဆိုးသာခြုံအိပ်လိုက်"

"Fuck!စောက်ကျိုးနည်းတွေမပြောနဲ့ ငါအရပ်က ၅ပေ၉ ပုံမှန်လောက်ပဲ မင်းအရပ်က ဘယ်လောက်ထိ ရှည်နေလို့ငါ့လာပြောနေတာလဲ"

"၆ပေ၃"

စစ်ပိုင်ရဲ့ ဟသွားတဲ့ပါးစပ်ကတော့ ပြန်မစိနိုင်တော့ချေ...

Paing (Z~U)Where stories live. Discover now