16

9 4 2
                                    

Zawgyi

"ငါမင်းကိုကြိုက်တယ်"

ပထမတစ်ခေါက်ပြောတုန်းက အမှတ်မထင်ပြောမိလိုက်လို့လားမသိ။ ဒုတိယတစ်ခေါက် ထပ်ပြောလိုက်လေသည်။ သူ့ကိုစိုက်ကြည့်နေတဲ့ မျက်ဝန်းညိုတို့က ဖွင့်ပြောလိုက်သော်လည်း တစ်ခုခုကိုစိုးရိမ်နေသလို....

"အာဟ....မင်းမကြိုက်ရင်လည်းငြင်းလို့ရတယ်နော် ငါကဒီတိုင်း....."

ပြောနေရင်းအသံကငုတ်ဝင်သွားပြီ နှုတ်ခမ်းဖျားကလည်း တစ်စက်စက်တုန်လာတော့သည်။

"အော် ဒီနေ့ငါ့အဖေလာမှာတဲ့ ငါသွားပြီနော်"

စစ်ပိုင် အကြောင်းပြချက်တစ်ခုကို မြန်မြန်ရှာပြီး ပြေးထွက်ခဲ့ရတော့သည်။ ငြင်းလိုက်တာက ကိစ္စမရှိပေမယ့် သူငယ်ချင်းဆက်ဆံရေး ပျက်သွားမှာကိုတော့ တစ်ကယ်စိုးရိမ်မိတော့သည်။ စစ်ပိုင်ဆိုတဲ့ ကျွန်တော်က ထိုလူသားနဲ့ပတ်သတ်ရင် ဘာမှမဟုတ်တာလေးတွေတောင် ကြောက်နေမိတာမျိုး။

အိမ်ရောက်ကတည်းက အခန်းထဲတွင်ထိုင်နေမိတာ ဘယ်လောက်ကြာနေပြီလည်းမသိ။ စားပွဲပေါ်က မီးအိမ်ကို စိုက်ကြည့်နေတာ ကြာလာတာ့ မျက်စိတွေပြာလာတာကြောင့် ပြတင်းပေါက်ဖက်ကို အကြည့်လွှဲလိုက်ပြန်တော့ ထိုလူနဲ့ပထမဆုံးတွေ့ခဲ့တဲ့ တောင်ကုန်လေးပေါ်ကို ငေးနေမိတော့သည်။

"ဒီသစ်ပင်က ဘာအပင်ကြီးလဲ"

သစ်ပင်တွေနဲ့ ပတ်သတ်ပြီး စိတ်မဝင်စားသူပီပီ ဘာမှန်းမသိတာကြောင့် ပြောလိုက်ပြန်တော့ သူက မျက်ဝန်းပြာတွေ မှိတ်သွားသည်အထိ ရယ်ရင်း...

"အရူးကောင် ဒါတောင်မသိဘူးလား ချယ်ရီပင်လေ အခုကနွေရာသီဆိုတော့ ဘယ်လှမလဲ"

ထိုသို့ပြောနေရင်းမှ တစ်ခုခုကိုသတိရသလိုဖြင့်....

"အော်အေး ဒီနေရာက ဆောင်းရာသီဆိုအရမ်းလှတာ ဒီတစ်ပင်လုံး ချယ်ရီပန်းတွေ ပြည့်နေတာပဲ မင်းငါနဲ့အတူကြည့်ချင်လား"

သူ့မေးခွန်းကိုတော့ ပတ်ဝန်းကျင်ကိုပဲ အာရုံရောက်နေတာကြောင့် စစ်ပိုင်မဖြေဖြစ်ခဲ့။

"မင်းက ပြင်ဦးလွင်အကြောင်း အရမ်းသိနေပါလား"

"ဘယ်ကသာပြင်ဦးလွင်လဲ ဒီရွာကအနီးစခန်းလေ
မြို့ထဲက ဒီလောက်မအေးချမ်းဘူး
ငါ့သူငယ်ချင်းကဒီမှာနေတော့ ဒီရွာကို ငယ်ငယ်ကတည်းက ခနခနရောက်ဖူးတယ် ငါကမန္တလေးက"

Paing (Z~U)Where stories live. Discover now