5

37 6 0
                                    

Zawgyi

အချစ်ကိုမယုံတဲ့ငါ့ကို
မင်းကဘဲချစ်တတ်အောင် သင်ပေးခဲ့တာလား ငါကပဲမင်းတစ်​ယောက်တည်းကို ချစ်မိသွားတာလား သေချာမသိ....

သေချာတာကတော့ ငါဆိုတဲ့စစ်ပိုင်ကမင်းကလွဲပြီး ဘယ်သူ့ကိုမှ ဒီလိုအချစ်မျိုးနဲ့ထပ်ချစ်နိုင်လိမ့်မယ်လို့ မထင်မိဘူး...

မင်းစကားပြောနေတဲ့အချိန် ဘေးတိုက်လေးငေးကြည့်ရတာကို သဘောကျတယ်...
မျက်ဝန်းပြာတွေနဲ့ လိုက်ဖက်တဲ့ မျက်ဝန်းနားကမှဲ့နက်လေးကိုလည်း တစ်သက်လုံးငေးကြည့်ချင်မိတယ်....

ငါကအမှားတွေအများကြီး လုပ်ခဲ့မိလိမ့်မယ်
ဒါပေမယ့် ငါလုပ်ခဲ့တဲ့တစ်ခုတည်းသော
အမှန်တရားက မျက်ဝန်းပြာတွေနဲ့ မင်းကိုချစ်ခဲ့မိတာဘဲ....🌃

လက်ကောက်ဝတ်မှာပတ်ထားတဲ့ နာရီလေးကိုကြည့်လိုက်တော့၎နာရီပင်မထိုးသေးပေ..

တောင်ပေါ်ဒေသ ဖြစ်သည့်အလျောက် နွေရာသီဖြစ်စေကာမူ တစ်ချက်တစ်ချက်လေတိုက်လျှင် အရိုးထဲပင်စိမ့်စိမ့်သွားသေးသည်..

တောင်ပေါ်ကဘာမှန်းမသိတဲ့ သစ်ပင်အောက်ရှိ ခုံတန်းရှည်လေးပေါ်တွင် စိတ်ပျက်စွာထိုင်နေရင်း...

"ချီးဘဲ အစကတည်းက အိမ်မှာဘဲနေသင့်တာ အခုတော့ချမ်းကလည်းချမ်းသေး နတ်သားမပြောနဲ့ လူနဲ့တူတဲ့သူတောင်မရှိဘူး"

ပတ်ဝန်းကျင်က တိတ်ဆိတ်နေသည့်အလျောက် သူ့အသံကထင်ထားသည်ထက်ပင် ပို၍ဟိန်းထွက်သွားလေတော့သည်...

"စောစောစီးစီး ဘာလို့အဲ့လောက်အကျယ်ကြီး စကားပြောနေတာလဲ ရူးနေတာလား လူတွေအိပ်နေတယ်လေ"

အသံလာရာကိုကြည့်လိုက်တော့ ဟိုက်ရှားပါး
အရပ်ကြီးကလန့်ကလားနဲ့ မျက်နှာမြင်ရဖို့ မော့ကြည့်လိုက်ရတာ ဇတ်တောင်နာတယ်...

"မင်းကဘယ်ကပေါ်လာတာလဲ တစ်ချိန်လုံးဒီတောင်ကုန်းပေါ် ငါတစ်ယောက်တည်းရှိနေတာပါ..."

"ငါကဒီသစ်ပင်အနောက်မှာ အိပ်နေတာ မင်းမရောက်ခင်ကတည်းက"

"ငါ့သာအရူးလို့ပြောနေတာ မင်းကမှတစ်ကယ်အရူး ဒီလောက်အေးနေတာကို အိပ်နိုင်သေးတယ်"

Paing (Z~U)Where stories live. Discover now