18

15 4 4
                                    

Zawgyi

နေအလင်းရောင်ကျလာသည်နှင့်အမျှ ပတ်ဝန်းကျင်ကလည်း ပို၍ပင်ဆူညံလာတော့သည်။ လမ်းမပေါ်တွင် အရှိန်ကုန်မောင်းနေကြတဲ့ ဆိုင်ကယ်တွေ ကားတွေ ဟွန်းသီးသံတွေဆူလို့။

ထို့အတူမျက်နှာပေါ်ကျလာတဲ့ အရိပ်တစ်ခု။ မျက်နှာနားကို တဖြည်းဖြည်းနီးကပ်လာတော့ ကျွန်တော်ရင်ခုန်ရလေသည်။

ရင်ခုန်နေတုန်းရှိသေး မျက်နှာပေါ် စိုစိစိအရည်တွေကျလာတာကြောင့် မြန်မြန်မျက်လုံးဖွင့်ကြည့်လိုက်တော့။

"အား!!!!!"

ဘယ်ကတည်းက ​ရောက်နေမှန်းမသိတဲ့ ခွေးဖက်တီးကြီး။
ထို့အတူ အခန်းထဲပြေးဝင်လာတဲ့သူ။

"ပိုင်လေး အခန်းထဲမဝင်နဲ့လေ လာအပြင်ပြန်ထွက်"

ဝကစ်နေတဲ့ ခွေးဖက်တီးကြီးကို သူကတော့ ဘာမှမဟုတ်သလို စွေ့ခနဲ ကောက်ချီလိုက်တော့သည်။

"အော်...မင်းနိုးနေပြီလား"

"အေး"

ထို အေး ဟူသောဖြေသံကတော့ ရတုရင်ခွင်ထဲက ခွေးကြီးကို မျက်စောင်းထိုး၍ ပြောလိုက်ခြင်းပင်။

"မျက်နှာသစ်ပြီး အောက်ဆင်းခဲ့တော့ ငါမနက်စာပြင်ထားတယ်"

သူပြောချင်တာပြောပြီးသည်နှင့် သူ့ခွေးကြီးကိုပွေ့ချီကာ ထွက်သွားလေတော့သည်။

/FUCK!!!!! လန့်လိုက်တာ/

ခွေးကြောက်တတ်သူ မဟုတ်ပေမယ့် ခွေးချစ်တဲ့သူ ထဲတွင်လည်းမပါပေ။ ငယ်ငယ်ကပထမဆုံးမွေးဖူးတဲ့ ခွေးလေးသေသွားကတည်းက ထပ်ပြီးမမွေးရဲတော့။ အဲ့ခွေးသေသွားတုန်းကဆို ၃ပတ်လောက် ထမင်းပင်မစားနိုင်တော့တာကြောင့် အဖေကနောက်ထပ် ​ခွေးမွေးခွင့်မပေးတော့ချေ။

ရေနဲ့ဖြစ်သလို မျက်နှာသစ်လိုက်ပြီး သွားတိုက်တံ မရှိတာကြောင့် ရေနဲ့သာပလုပ်ကျင်း လိုက်တော့သည်။ ညစ်ပတ်လည်း ကိုယ်တွေကချောပြီးသား။

အင်္ကျီလဲရန်လုပ်လိုက်တော့ ကော်လံအောက်နားက အနီရောင်အကွက်လေး။ အသားကအရမ်းမဖြူပေမယ့် အရေပြားကအရမ်းနုတော့ ထင်း၍နေလေတော့သည်။

Paing (Z~U)Where stories live. Discover now