6

27 6 0
                                    

Zawgyi

လသာတဲ့ လပြည့်ညတွေမှာတော့
ကြယ်လေးဟာ ဘာမှမဟုတ်ခဲ့ပေမယ့်
လကွယ်ညတွေမှာတော့ သူမြတ်နိုးရတဲ့
ကောင်းကင်ကြီးကို အကောင်းဆုံး
အဖော်ပြုပေးနိုင်ခဲ့တယ်မလား💫

မင်းခေတ် ရေမိုးချိုးပြီးထွက်လာတော့
သကောင့်သားက အိပ်ရာပေါ်မှာ
ပြန်ပြီးအိပ်နေတုန်း...

"စစ်ပိုင် ထစမ်းပါကွာ စိတ်တွေလည်းလေတယ် အစကတည်းကအိပ်ချင်နေရင် စောစောထမလာနဲ့လေကွာ"

ထိုအခါမှ ဆူပုတ်ထလာပြီး...

"ပွစိပွစိနဲ့ အဘွားကြီးလား နားကိုငြီးတယ်"

ထိုအခါမှ အိပ်ချင်မူးတူးထလာပြီး
သူ့ရဲ့တစ်သက်နဲ့တစ်ကိုယ်ဖီးလေ့ မရှိသော
ဆံပင်ကို လက်နှင့်ပုံသွင်းလိုက်သေးသည်...

"ငါခုနက သူ့ကိုအိပ်မက်မက်တယ်"

အဝတ်ဗီရိုထဲက အဝတ်ယူနေတုန်း ကျောဘက်မှ အသံကြောင့် မင်းခေတ်အံကြိတ်မိတော့သည်...

၁၀တန်းဖြေပြီးကတည်းက ထိုသူကိုရှာနေသည်မှာ ယခုတက္ကသိုလ်များ ဖွင့်သည့်အချိန်ထိပင်...

အစကမြန်မြန်ရှာမတွေ့လို့ မင်းခေတ်ပျော်မိသော်လည်း မသိဘူးဆိုတဲ့တုံ့ပြန်စကားတွေကိုကြားရတိုင်း ပါးချိုင့်လေးပေါ်အောင် အမြဲပြုံးနေတဲ့ ထိုလူသားရဲ့ မျက်နှာလေးပျက်ယွင်း
သွားတဲ့အခါ အတူလိုက်ရှာပေးရုံမှတစ်ပါး
မင်းခေတ်တွင် ရွေးချယ်စရာမရှိခဲ့...

ဘယ်သူမဆို ကိုယ်ချစ်ရသူကို ပျော်ရွှင်စေချင်ကြတယ်မလား...

တစ်ကယ်တမ်း'မင်းလက်လျှော့လိုက်တော့'
ဟုပြောချင်ပေမယ့်နှုတ်ကထွက်လာတာက

"ငါတို့ဆက်ရှာကြတာပေါ့ကွာ"

ဟူသော အားပေးစကားနဲ့ ပီပြင်သောအပြုံးတစ်ခု....

"အေး နောက်ကျရင်ရှာတွေ့လောက်မှာပါ"

"အခုတော့သွားမယ် အချိန်လည်းကြည့်ဦး"

"သေပြီဟ မြန်မြန်ပြီးအောင်လုပ်ပြီး ဆင်းခဲ့တော့ ပထမဆုံးရက်ကနောက်ကျလို့မဖြစ်ဘူး"

အလောတကြီးနဲ့ ထွက်သွားသောကျောပြင်ငယ်လေးကိုကြည့်ရင်း မင်းခေတ်ပြုံးမိတော့သည်..

Paing (Z~U)Where stories live. Discover now