17

14 4 4
                                    

Zawgyi

စစ်ပိုင် နိုးလာပြီးကတည်းက ပြန်အိပ်ရန်မဖြစ်နိုင်တော့တာကို သိနေသည့်အလျောက် ဝရန်တာတွင်သာထွက်ထိုင် ​နေလိုက်တော့သည်။ အခုချိန်က first sem ပြီးခါနီးဖြစ်တာကြောင့် လေထုကအရမ်း အေးသည့်ဘက်မရောက်တော့ချေ။

Marchလအဝင်မှာ တိုက်ခတ်လာတဲ့လေတို့က သူ့ဆံနွယ်တို့ကြား ထိုးဖောက်ဝင်ရောက်လာတာကြောင့် ခုနကရတု သေချာဖြီးပေးထားတဲ့ ဆံပင်ပုံစံသည်လည်း ရှုပ်ပွသွားရတော့သည်။

လေတိုးသံတို့ကို မျက်လုံးမှိတ်ကာ နားထောင်နေရင်း ထိုညကအကြောင်းကို ပြန်စဉ်းစားမိတော့သည်.....။

ထိုညကသူတိုက်မိလိုက်တဲ့ လူရဲ့မျက်နှာကို ခုချိန်ထိမမှတ်မိသေး။ ညဘက်မျက်လုံးမှိတ်လိုက်တိုင်း ထိုအကြောင်းကိုပဲ ပြန်မြင်ယောင်နေတာကြောင့် ညလုံးပေါက်ဂိမ်းဆော့ရင်းသာ ဖြတ်သန်းခဲ့ပြီး မနက်မိုးလင်းခါနီး၌သာ အိပ်တတ်တဲ့ အကျင့်ဖြစ်လာတော့သည်။

အဖေကတော့ ထိုလူပြန်အဆင်ပြေသွားပြီဟု ပြောခဲ့သော်လည်း သူအခုထိစိတ်မသန့်နိုင်သေး။ အတတ်နိုင်ဆုံး တစ်ခါလောက်တော့ ပြန်တွေ့ကာ သေချာတောင်းပန်ချင်မိသေးသည်။

အခုတော့ ဘယ်လိုမှပြန်အိပ်နိုင်မည် မဟုတ်တော့ပေ။ မနေ့ညက ရတုပေးသည့်အဖြေကိုပင် မကြားလိုက်ရခင် အိပ်ပျော်သွားသည့် ကိုယ့်ကိုကိုယ်ပင် အပြစ်တင်မိတော့သည်။

"ငါ့ကိုကြိုက်တယ်လို့ ပြောလိုက်တယ် ထင်တယ် မသိဘူးဟာ မနက်ရောက်မှပဲပြန်မေးတော့မယ်"

ထိုအချိန်တွင် ခြေထောက်နားကို စောင်ပါးပါးလေးလာခြုံပေးတဲ့ ထိုလူသား။

"ခုချိန်ကြီး ဘာအရူးထပြီး အပြင်ထွက်ထိုင်နေတာလဲ သွေးလွန်တုပ်ကွေး ဖြစ်နေဦးမယ်"

အမြဲလိုလို ဆူဆဲနေပြီး ကျွန်တော့်ကို လိုက်ဂရုစိုက်ပေးတဲ့သူ။ သူ့ကိုအခုလို ပြန်တွေ့ခွင့်ရသည်ကိုပင် ကျွန်တော်ကျေနပ်လှပါပြီ။

"ရတု မင်းဘယ်တုန်းက ပြန်မှတ်မိတာလဲ"

"ဘာလို့ပြောပြရမှာလဲ"

Paing (Z~U)Where stories live. Discover now