3

37 6 0
                                    

Zawgyi

"စစ်ပိုင် မင်းမျက်နှာကဘာဖြစ်တာလဲ"

"ဘာမှမဖြစ်ပါဘူးကွာ မနေ့ကငါ့စော်နဲ့ပြတ်
သွားတာကို သူ့အစ်ကိုကမကျေနပ်လို့ ငါ့ပြသနာလာရှာတာ"

ကိုယ်မထိရက်မကိုင်ရက် ငေးကြည့်ခွင့်ဘဲ
ရှိတဲ့မင်းမျက်နှာ အဲ့လိုလူတွေကြောင့်
အနာတရဖြစ်တာ ဘယ်အချိန်မှရပ်မှာလဲကွာ

"မင်းလည်းနောက်နှစ်ဆို ၁၀တန်းရောက်ပြီလေကွာ ရည်းစားထားတာတွေလျှော့ဦး"

"မင်းကငါ့အဖေလား ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ပြောရအောင်"

"မင်းကြီးဒေါ် အဖေလား အကောင်းကိုပြောမရဘူး နည်းနည်းပါးပါးစာအာရုံစိုက်စမ်းကွာ"

"ငါ့ကြီးဒေါ်အရင်နှစ်ကမှ ဆုံးသွားတာလေ
မမှတ်မိဘူးလား မင်းတောင်နာရေးမှာ မုန့်ဟင်းခါးတွေအသေမျိုပြီးတော့"

"လဒရယ် ပါးစပ်လေးပိတ်ပြီး ငြိမ်ငြိမ်နေစမ်း
မင်းမျက်နှာက ဒဏ်ရာတွေဆေးထည့်ပေးမယ် မင်းအဖေကဘာဖြစ်တာလဲ မေးရင်ဘယ်လိုဖြေမှာလဲ"

ထိုအခါမှစပ်ဖြဲဖြဲရယ်ပြပြီး...

"လှေကားပေါ်ကပြုတ်ကျတာလို့"

ဒီလိုဦးနှောက်နဲ့သူကို ဘယ်လိုမိန်းကလေးတွေကကြိုက်တာလဲ စဉ်းစားလို့ပင်မရ...

"ထားပါတော့ကွာ ငါလိုက်ခဲ့မယ် အနည်းဆုံးတော့ ဆူခံရတာနည်းနည်းလျော့တာပေါ့"

"ငါကအဆူခံမယ့် လူစားမျိုးလား"

"မရှည်စမ်းနဲ့ ငါလိုက်ခဲ့မယ်"

ထိုကောင်လေးနှစ်ယောက် စီစဉ်ထားသောအကြံလေးသည် ညနေခင်းကျောင်းဆင်းချိန်တွင်တော့ ကြက်ပျောက် ငှက်ပျောက် ပျောက်လေတော့သည်....

အကြောင်းကတော့ ကျောင်းဝတွင်ဒေါသတကြီးဖြင့်စောင့်နေကြသော ပိုင့်အဖေကြောင့်ပင်...

"ဒီတစ်ခါကတော့ တစ်ကယ်ဆူခံရမှာကွ
ပြတ်သွားတဲ့တစ်ယောက်က ငါ့အဖေမိတ်ဆွေရဲ့ သမီး ဟက် ကိုယ့်သားသမီးထက်သူများသားသမီးကိုပို ဂရုစိုက်တာထင်တယ်"

စစ်ပိုင်ပြောသောစကားများက မှန်သည်ထက်
ပိုနေသောကြောင့် မင်းခေတ် ဘာမှမပြောလိုတော့...

Paing (Z~U)Where stories live. Discover now