19

14 4 4
                                    

Zawgyi

"သူရိန် ငါတို့ ငွေသွန်းခ အိမ်သွားမလို့လိုက်ဦးမလား"

တစ်ဖက်က စစ်နိုင်ကတော့ လိုရင်းကိုပဲပြောတတ်သည့် အလျောက် ဖုန်းစကိုင်လိုက်ကတည်းက အစမရှိအဆုံးမရှိ သွန်းခအိမ် သွားမယ်လို့သာပြောလိုက်လေသည်။

သူရိန် ခပ်ရေးရေးပြုံးလိုက်ရင်း လိုက်မယ်လို့ပြောရန်အလုပ်...

"ငါမင်းကိုတစ်ခါတည်းပြောလိုက်မယ် နောက်တစ်ခါ ငါ့အမနားယောင်လို့တောင် ပေါ်မလာနဲ့"

အမြဲတမ်းမျက်နှာသေကြီးနဲ့ တစ်ယောက်တည်း အေးဆေးနေတတ်တဲ့ စိုင်သွေးခ ရဲ့ဒေါသတကြီး
သူ့ကိုနောက်ဆုံး သတိပေးသွားတဲ့စကားကို ပြန်ကြားယောင်မိတော့သည်။
အခုထိ သူ့မှာအဲ့အိမ်ကို သွားပိုင်ခွင့်မရှိသေးပေ။

"အာ....တော်ပြီ ငါဒီနေ့မအားလို့ မင်းတို့ပဲသွားလိုက်ကြတော့..."

မပြောချင်တဲ့စကားကို ခပ်လေးလေးသာပြန်ဖြေလိုက်ပြီး တစ်ဖက်မှဖုန်းချသွားသည့်တိုင် မလှုပ်မယှက် ထိုင်နေမိသေးသည်။ လူကသာ မလှုပ်မယှက် ထိုင်နေပေမယ့် စိတ်ကတော့ အရင်ကဖြစ်ခဲ့တဲ့ အကြောင်းတွေ အထူးသဖြင့် သူမနဲ့ပတ်သတ်တဲ့ အကြောင်းတွေကို ပြန်စဉ်းစားရင်း ခါတိုင်းလိုပင် လွမ်းဆွတ်ဖွယ် ပြုံးမိတော့သည်။

"ဟဲ့ ရှေ့ကတစ်ယောက် ဆရာမက ရသ စာအုပ်ထပ်ခိုင်းလို့ လာကောက်တာ ဆွဲပြီးပြီလား"

မိန်းကလေးပေမယ့် အတန်းခေါင်းဆောင်ပီပီ အမြဲတမ်း သွက်လက်နေသော သူမ။ ဆံပင်ကို အမြဲခပ်တိုတိုထားပြီး မိန်းကလေးတွေထက် ယောက်ျားလေးတွေနဲ့ ပိုပေါင်းတတ်တဲ့ သူမကိုတော့ သူရိန်အနည်းငယ် မျက်စိစပါးမွှေးစူးလှသည်။

မေမေအမြဲပြောတတ်တာက မိန်းကလေးဆိုတာ သိမ်သိမ်မွေ့မွေ့ ယဉ်ယဉ်ကျေးကျေး နေရသည်တဲ့။ သတ္တမတန်းလောက်မှာ တစ်ချို့မိန်းကလေးတွေဆို အလှအပမက်ကြပေမယ့် သူက​တော့ ကျားကျားယားယား မိန်းမကျားကြီး ဖြစ်နေပေသည်။

အမြန်မထပ်ရင် နားညီးတော့မှာ သိတာကြောင့် စာအုပ်ကိုမြန်မြန် ထုတ်ပေးလိုက်တော့ ခွင့်ပြုချက်လည်းမတောင်းဘဲ စာအုပ်ကိုဖွင့်ကြည့်ကာ...

Paing (Z~U)حيث تعيش القصص. اكتشف الآن