2

77 10 2
                                    

Zawgyi

တချို့ကပြောကြတယ်
အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးတဲ့
၃ပွင့်ဆိုင်မကလို့ အပွင့်တစ်ထောင်ဆိုင်ဆိုင်
ကိုယ်ချစ်ရင်ပိုင်ဆိုင်အောင်လုပ်ရတယ်တဲ့...

မင်းခေတ်ထိုစကားကိုကြားတော့ ​အောင်နိုင်သူတစ်ဦးလို ခနဲ့တဲ့အပြုံးပြုံးမိတော့သည်။

သူငယ်ချင်းတစ်ယောက် ကိုချစ်မိတဲ့သူ့အတွက်ကတော့ ပြုံးလိုက်ရင်ပေါ်လာတဲ့ ပါးချိုင့်လေးကိုငေးကြည့်ရတာလောက် ဘယ်အရာကတန်ဖိုးရှိနေဦးမှာလဲ။

မင်းသိရဲ့လားချစ်ရသူ
တကယ်ဆိုကိုယ်ဟာအချစ်စစ်တစ်ခုမှာ
စစ်မရောက်ခင်မြားကုန်တဲ့
သူရဲဘောကြောင်တစ်ယောက်ဆိုတာ...🖤

ဒိုင်ယာရီစာအုပ်အပြာလေးကို ထိုင်ကြည့်နေ
ရင်း ကိုယ့်နှလုံးသားပိုင်ရှင်လေး အကြောင်းစဉ်းစားမိတော့သည်။

"စစ်ပိုင်...."

မင်းခေတ်မလိမ်ပါ ထိုအမည်နာမလေးကို
တစ်နေ့လုံးထိုင်ရွတ်နေရင်တောင်ပျင်းလိမ့်မယ်မဟုတ်ပေ။ညနေကပြောသွားတဲ့စကားများကအခုထိနားထဲမှာကြားယောင်နေမိတုန်း...

သတိထားမိတာပေါ့ မင်းရဲ့ပြောင်းလဲသွားတဲ့ အမူအရာတွေကို ၉တန်းတစ်နှစ်လုံး မိန်းက
လေးတွေဗွက်ပေါက်အောင် ထားတဲ့မင်းက
၁၀တန်းရောက်တော့ အရမ်းတည်ငြိမ်သွားတာကိုလေ။

မင်းကိုယ်တိုင်တောင် သတိမထားမိလောက်ပေမယ့် မင်းကိုအရိပ် တကြည့်ကြည့်နေတဲ့ ငါကသိတာပေါ့။

မင်းသဘောကျတဲ့သူ့အကြောင်းပြောနေတဲ့အချိန် ငါငေးကြည့်ခွင့်ဘဲရှိတဲ့ မင်းရဲ့မျက်ဝန်းညိုတွေက အရမ်းတောက်ပနေသည်တဲ့လား။

မင်းနှစ်သက်တဲ့ ကျူလစ်ဝါတွေရဲ့အဓိပ္ပါယ်ကိုသိရဲ့လား ပိုင်...

ကျူလစ်ဝါတွေရဲ့အဓိပ္ပါယ်က
"Hopeless love"တဲ့...

ဒိုင်ယာရီစာအုပ်ပြာလေးဟာလည်း ပိုင်ရှင်ရဲ့
ခံစားချက်တွေ ရင်ဖွင့်ရာနေရာလေး ဖြစ်လာခဲ့တော့သည်။

.....

"မင်းခေတ်ပိုင် သားရေ ပိုင်လေးရောက်နေတယ်!!!"

Paing (Z~U)Where stories live. Discover now