20

41 3 3
                                    

Zawgyi

ဧည့်ခန်းထဲမှာ သူတို့တွေထိုင်စောင့်နေတာ နာရီဝက်ပင်ပြည့်တော့မည်။ အခုထိ ငွေသွန်းခ နှင့်တူသော အရိပ်ပင်မတွေ့ရသေး။ ရတုကတော့ စိတ်ပျက်စွာ နာရီကို တစ်ချက်ကြည့်လိုက်ပြီး...

"အခုချိန်ထိ သူမနက်စာမစားရင် အစာအိမ်ပြန်ဖြစ်လိမ့်မယ်"

သူ့ဘာသာသူပြောရင်း အိမ်ကသယ်လာတဲ့ အုန်းနို့ခေါက်ဆွဲကို ငွေသွန်းခစားဖို့ ပြင်ဆင်ရန် ထသွားတော့သည်။ သူထသွားပြီးမကြာ ဧည့်ခန်းထဲကို ဆံပင်စုတ်ဖွားနဲ့ မယ်မင်းကြီးမ ​ရောက်လာလေသည်။

"နင်တို့ ဘယ်တုန်းကရောက်နေတာလဲ"

ဆံပင်ကို ကြည့်ကောင်းရုံမျှသာ လက်နဲ့သပ်လိုက်ပြီး အိပ်ချင်မူးတူးနဲ့ မေးခွန်းထုတ်လိုက်လေသည်။ စစ်ပိုင် အလွန်စချင်လာတာကြောင့်...

"မယ်တော်ဘုရား အမြတ်တော်ပြေအောင် လာချော့တာလေ"

ထိုအခါမှ သဘောကျစွာ ရယ်လိုက်ပြီး....

"ထားပါ အဖေတို့ရယ် တစ်ရေးနိုးမှ လာချော့နေကြတယ် ငါ့မှာတော့ တစ်ပတ်ကြီးတောင် အမကျန်လို့ BUT!!!!"

ပုံမှန်အတိုင်းပြောနေရင်းမှ ထဖောက်လေပြန်သည်။ သူ့ရဲ့ ရှေ့ဆံပင်ကို ဂုဏ်ယူစွာ ပင့်တင်လိုက်ပြီး....

"ငါ Thai က ညိုချောလေးရဲ့ acc ရခဲ့တယ် အခုငါနဲ့ friend တောင်ဖြစ်သွားပြီ ဝါးဟားဟားဟား"

တစ်ပတ်လောက် အချိန်လေးမှာပင် သူ့ရဲ့အကွက်တွေက ဆရာတင်ရလောက်အောင်ပင်။ accရဖို့ကလွယ်ပေမယ့် ကြားရသလောက်တော့ သူ့ရဲ့ညိုချောလေးက ချေတတ်သည်တဲ့။ အဲ့တာကို ဘယ်လိုများ friend ဖြစ်သွားတာပါလိမ့်။

"လင်းစမ်းပါဦး အကွက်လေးတွေ"

ထုံးစံအတိုင်း ဘယ်လောက်လူများများ နောက်ဆုံးတော့ သူတို့နှစ်ယောက်ရဲ့ စကားဝိုင်းသာဖြစ်သွားတော့သည်။ ငွေသွန်းခကလည်း အားပါးတရ ရှင်းပြရန်အလုပ်မှာ ခေါင်းနောက်တည့်တည့်က ရိုက်ခံလိုက်ရတာကြောင့် ခေါင်းလေးပုဝင်သွားပြီး ဘာမှဆက်မပြောနိုင်တော့ချေ။

"လူကဖြင့် ၁၂ရာသီ ချူချာနေတာကို မနက်စာကျ အချိန်မှန်မစားဘဲ accကျလိုက် စုံစမ်းနိုင်သေးတယ်ပေါ့"

Paing (Z~U)Where stories live. Discover now