သူ့တွင် လရိပ်ရောင် လိုမျိုး အကြာကြီး ကောက်တတ်သော စိတ်မျိုး မပါလာခဲ့သောကြောင့်

   ဟိုအရင်က အတိုင်း သူကပင် စိတ်လျှော့ကာ သွားချော့မှဖြစ်မည်။

   ✨✨✨✨✨✨✨✨✨✨✨✨✨✨
 
    လရိပ် အိမ်သို့ သွားရန် ရေချိုးပြီး  ထွက်လာသော အခါတွင်

   ရှင်းသန့် ကို စောင့်နေသော အဖေ့ကို တွေ့လိုက်ရသည်မို့

" ဒီ အခန်းထဲ ဘာလာလုပ်တာလဲ ?"

"မင်းက ready ဖြစ်နေပြီပဲ "

"ဘာကိုလဲ? "

"မင်း အိမ်ထောင်ဖက် သွားတွေ့ဖို့လေ "

"ကျွန်တော် မတွေ့နိုင်ဘူးလို့ ပြောပြီးပြီလေ "

"မင်းမှာ ငါ့ကို ငြင်းခွင့် မရှိဘူး ငါ ခိုင်းတဲ့ အတိုင်း လုပ် ! မလုပ်ရင် လရိပ်ရောင် ဆိုတဲ့ ကောင်လေး လူ အများရဲ့ အထင်သေး ခံရမယ် "

    သူ အရမ်း မုန်းသော အဖေ့ရဲ့ အမိန့်သံ . . . .

    သူ အရမ်း မုန်းပေမယ့် သူ့တွင် အဖေ့ အမိန့်ကို ဖီဆန်လို့ မဖြစ်သည့် အကြောင်းက ရှိနေသည်မို့

    သူ ထို မိန်းကလေးကို သွားတွေ့ရလိမ့်မည်။

   အတွေးတခုက ခေါင်းထဲမှာ လက်ခနဲ ဖြတ်ပြေးသွားတော့

"ကျွန်တော် သွားတွေ့ရင် အဖေ cctv video ကို ဖျက်ပေးမှာလား "

"အဲ့လောက် မလွယ်ဘူးဆိုတာ မင်းသိမှာပါ "

"သဘောပဲလေ ကျွန်တော်လည်း သွားမတွေ့နိုင်ဘူး "

"မင်းမှာ ငါ့ အမိန့်ကို ငြင်းလို့ မရတဲ့ အခြေအနေဆိုတာ မေ့နေတာလား "

      သူ့ကို ‌လှောင်သလို ကြည့်နေသော အဖေနဲ့ ထပ်တူ အပြုံးမျိုး သူပြုံးရင်း

"ကျွန်တော် သွားမတွေ့ရင် လရိပ် နာမည်ပျက် ရတာထက် . . . . အဖေ့ကို အဖေ့ မိတ်ဆွေတွေက ကတိမတည်တဲ့ လူလို့ အထင်သေး သွားမှာက အရင်ဆိုတာ အဖေ မေ့နေတယ် ထင်တယ် "

    မိတ်ဆွေများကြား အထင်သေး ခံရမည်ကို အလွန်‌ ကြောက်သော

   အဖေ့ရဲ့ အားနည်းချက်ကို သူ  ချုပ်ကိုင်လိုက်တော့

     သူ့ရဲ့ တုံ့ပြန်မှုကို မျှော်လင့်မထားသော အဖေ မျက်နှာပျက် သွားပေမယ့် အမြန် ပြန်ထိန်းလိုက်ရင်း

မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)Où les histoires vivent. Découvrez maintenant