"အေးပါ...အေးပါ...ငါမင်းကိုစချင်တာနဲ့ ပြောလိုက်တာပါ...စိတ်မဆိုးတော့နဲ့နော်..."

"ပြော...ဘယ်အချိန်လဲ ဆိုက်ကယ်ပွဲက ၊ဒီနေ့ညနေဆိုရင်တော့ noပဲနော်..."

"ဟာ!!!...ဘာလို့လဲ.... "

"ဘာဟာလဲ....ငါမင်းကြောင့် အလုပ်ပျက်ပေါင်းလည်းများပြီ ၊ ဒီတစ်ခါပါဆိုရင်တော့ မင်းအသေပဲ...."

"ဟင်းးးး"

"ဘာ"ဟင်းး"လဲ...သူကပဲ သက်ပြင်းတွေတောင် ချနေရသေးတယ်....ငါ့ကျတော့ ဘာဖြစ်ဖြစ်ပေါ့လေ..."

"အဲ့လိုမဟုတ်ပါဘူးကွာ.."

"တော်!!!..ဘာမှလာပြောမနေနဲ့...ငါစိတ်ဆိုးတယ်..ဒါပဲ.."

ပြောပြောဆိုဆိုနဲ့ ရုတ်တရပ်ထသွားတဲ့ xiao zhan....စားလက္စဟာတွေကိုတောင် တစ်ချက်ငဲ့မကြည့်....
.
ဒီအချိန်မှာ အစားအသောက်တွေကိုလည်း ဂရုမစိုက်ဆိုတဲ့သဘော.....ခပ်တင်းတင်းပဲထသွားသည်

yiboခမျာ ထသွားတဲ့ xiao zhanကိုသာအသည်းအသန်အော်ခေါ်နေတာ..ဟိုကဂရုတောင်မစိုက်....

***ခေါ်စမ်း...ခေါ်စမ်း...သေအောင်ခေါ်...မင်းလည်ချောင်းကွဲ​ေတာင်ငါကလှည့်မကြည့်ဘူး...ဟင့်...***

xiao zhanတစ်ယောက် yiboရဲ့ အော်သံခေါ်သံတွေကို ဂရုမစိုက်ပဲ ထွက်လာလိုက်တော့သည်....

ကျွန်တော်တို့ လေးယောက်သား တပူးပူးတတွဲတွဲနဲ့ အတူတူကျောင်းတက်လာခဲ့တာ အခုဆို ​ကျောင်းနှစ်ဝက်တောင် ကျိုးပြီ...

Yiboကတော့ သူရောက်စတုန်းကထက်တောင် ပိုပြီးနာမည်ကြီးလာတယ်၊ကျောင်းလာတိုင်းလည်း သူ့fanတွေကို ရှောင်ရတာကအမော.....

သူနာမည်ကြီးရင်လည်း ကြီးချင်စရာပဲလေ၊ကျောင်းအားကစားမှာဆို သူကထိပ်ဆုံးက ၊ သူမကစားဖူးတဲ့ အားကစားဆိုတာ မရှိသလောက်ပင်.....

ဘောလုံးပွဲလည်း သူပါတာပဲ ၊ ဘက်စကတ်ဘော ၊ ရေကူး ၊ကြက်တောင်ရိုက်..... အိုးးး...ရှင်းရှင်းပြောရရင် ကျောင်းအားကစားခေါ်ပါပြီဆိုထဲက သူမကစားချင်တာဘာမှမရှိ....

ဒါပေမယ့်လည်းသူသေချာပေါက်ယူထားတဲ့ ​ေကျာင်းအားကစားကတော့ ဘောလုံးကန်တာပဲ....အင်းလေ ယောကျာ်းလေးပဲ... ဘောလုံးကတော့ လုံးဝကိုဝါသနာအိုး...

You're my destinyNơi câu chuyện tồn tại. Hãy khám phá bây giờ