သားကိုစိတ်မပူနဲ့။ သားအသင်းမှာအိပ်ရင်အိပ်၊ မဟုတ်ရင် စာအုပ်ဆိုင်မှာအိပ်လိုက်မယ်။ မနက်အဖေအမူးပြေချိန်မှ ပြန်လာခဲ့မယ်။ အာ့ဆို အဆူခံသက်သာမှာအမေရဲ့။"
"အေးပါသားရယ်။ အာ့ဆိုလည်း သားသဘော။ အိပ်စရာနေရာအဆင်ပြေရင်ပီးရောလေ။ အမေစိတ်မပူချင်ဘူးသားရယ်။ ကောင်းကောင်းမွန်မွန်ပြန်လာခဲ့နော်။ ရန်တွေဘာတွေမဖြစ်နဲ့။ အရက်တွေလည်း မသောက်နဲ့နော်။ ကြားလားသားကြီး။"
"ဟုတ်ကဲ့အမေ။ စိတ်ချပါ။"
အမေ့ကို ကတိမျိုးစုံပေး၊ မနက်စာ ထမင်းကြော်စားပီး ဦးနဲ့ချိန်းထားတဲ့နေရာဆီလာခဲ့လိုက်တယ်။ ပရဟိတအသင်းမှာ လုပ်အားပေးလိုတိုင်း ခနခနသွားကူပေးရတော့ အဖေကလည်းမရိပ်မိလောက်ဘူးလေ။ ခက်တာက ညဘယ်နားအိပ်ရမလဲမသိတာပဲ။ စာအုပ်ဆိုင်က အကိုကြီးပဲ ကျောတခင်းစာအိပ်ပါရစေလို့ အကူအညီတောင်းရတော့မယ်။
ဟိုတွေးဒီတွေး တွေးနေတုန်း ကျတော့်ရဲ့ ဦး ရောက်လာပါပီဗျ။ နေကာမျက်မှန်တပ်တာ ဦးရဲ့စတိုင်လားမသိဘူး။ ဒါမယ့် အရမ်းကိုလိုက်ဖတ်တာတွေ့နေရတယ်။ ဒီနေ့တော့ 110ဆိုင်ကယ်ခုံရှည်လေးကို 25ဝန်းကျင်အကိုတယောက်ကမောင်းပီး ဦးကနောက်ကထိုင်နေတာ တွေ့လိုက်ရတယ်။ တော်တော်စကားတည်တဲ့ဦးရယ်ပါ။
"စောင့်နေတာကြာပီလားကလေးငယ်။ ဦးလည်းစောထွက်ခဲ့ပါတယ်ကွ။"
"မကြာသေးပါဘူးဦး။ သားကိုကစိတ်စောပီး စောစောရောက်နေတာပါ။"
"လာ အငယ်လေး။ အလည်မှာထိုင်"
ကျတော်အလည်မှာ ထိုင်ပီး ဦးကကျတော့်အနောက်ကထိုင်တယ်။ ချက်ချင်းပဲ နားနားကိုကပ်ပီး တိုးတိုးလေးပြောတယ်။
"အငယ်လေး။ ဘာလို့အစောကြီးရောက်နေတာလဲ။ ဦးကိုအစောကြီးလွမ်းနေလို့လား။ ဟလား။ ဦးကတော့ အငယ်လေးကို အရမ်းလွမ်းတယ်။ ထပ်မတွေ့ရတော့မှာလည်း အရမ်းစိုးရိမ်တယ်။ ကလေးငယ် မင်းလေးကိုဦး အရမ်းမြတ်နိုးလွန်းလို့ ငယ်လေးလို့ပဲ ကြင်ကြင်နာနာ ခေါ်ခွင့်ပြုပါတော့နော်။
သံယောဇဉ်ဆိုတာ ခက်သားငယ်လေးရယ်။ ဆုံတွေ့ချိန်ခနလေးဆိုပေမယ့် ရိုးသားတဲ့ကလေးငယ်ကို ဦးကအရမ်းသံယောဇဉ်တွယ်နေမိပီ။ ဦးရဲ့ ရှေ့ဆက်ရမယ့် ဘဝကိုလည်း ငယ်လေးက တထောင့်တနေရာကနေ ပါဝင်နေစေချင်တယ်။
YOU ARE READING
ငါတို့ဝေးသွားရင်........ပြန်မဆုံဖြစ်ကြရင် (Completed 🤍)
Short Storyလွန်ခဲ့တဲ့ ၁၅နှစ်က ဖြစ်ရပ်လေးကို အခြေခံထားတာမို့ တချို့အရာလေးတွေက လက်ရှိနဲ့ နည်းနည်းကွာခြားနေပါမယ်။ နောက်ပြီး ကျမကစာရေးဆရာမဟုတ်ပါဘူး။ ဒီအကြောင်းလေးကိုနားထောင်ခဲ့ရတာလည်း ၁၅နှစ်တောင်ကြာသွားပီဆိုတော့ နေရာတွေ အချိန်တွေ သီချင်းတွေက လွဲကောင်းလွဲနိုင်ပါတယ်...
Part 4 Zawgyi
Start from the beginning