Zawgyi
ကျတော်နဲ့ဦး အဆက်သွယ်ပြတ်သွားတာ 3လကျော်သွားပါပြီ။ အရင်တစ်ခါဖုန်းဆက်ပြီးကတည်းက ကျတော်လည်းထပ်မဆက်ဖြစ်တော့သလို ဦးဘက်ကလည်း ကျတော့်ကို မဆက်သွယ်ခဲ့ပါဘူး။ ကျတော့်လိုသာမာန်ပတ်သက်မှုလေးတစ်ခုကို ဦးမေ့လျော့သွားခဲ့ပြီ ထင်ပါရဲ့ဗျာ။
နောက်လထဲဆိုကျတော်တို့ တက္ကသိုလ်တက်ရမယ့်အချိန်ကိုရောက်နေပါပြီ။ ပြီးခဲ့တဲ့ရက်ကပဲ ကျတော်ရတဲ့ထောက်ပံ့ကြေးနဲ့ ကျောင်းအပ်ပြီးပါပြီ။ ကျောင်းဝတ်စုံအတွက်လည်း ၂စုံစီစဉ်ပြီးပြီဆိုတော့ ကျတော်အတွက် အားလုံးနီးပါးအဆင်သင့်ဖြစ်နေပြီလို့ပြောလို့ရပါတယ်။
ကျောင်းစဖွင့်ဖို့ ၁ပတ်အလိုမှာပဲ ပရဟိတအသင်းက အကိုတစ်ယောက်အရေးကြီးသုတ်ပြာနဲ့ ကျတော့်ဆီရောက်လာခဲ့ပါတယ်။ ကျတော့်တစ်သက်မှာ နောင်တအရဆုံးနေ့လို့လည်း သတ်မှတ်တဲ့နေ့ပေါ့ဗျာ။
"ဥက္ကာငါ့ညီ အကိုနဲ့ခနလိုက်ခဲ့ဦးကွာ။ အရေးကြီးလို့။ မင်းရဲ့အုပ်ထိန်းသူတစ်ယောက်ပါခေါ်ခဲ့။ အမေကြီးဒေါ်ငွေခင်(ဥက္ကာငယ်ကိုထောက်ပံ့ပေးနေတဲ့ အမေကြီးကိုပြောတာပါ။) ဆုံးပြီတဲ့ကွ။ သွေးဆောင့်တက်သွားတယ်လို့ပြောတယ်။ အခုသူ့သားသမီးတွေ အသင်းကိုရောက်နေတယ်။ မင်းကိုတွေ့ချင်တယ်တဲ့။"
"ဗျာ...။ဘလိုဖြစ်ရတာလဲဗျာ။ ကျတော်လာပြီအကို။ အဝတ်လေးလဲလိုက်ဦးမယ်ခန။ အမေရေ.......အမေ။ လာဗျာ သားနဲ့အတူသွားရအောင်။"
ကျတော့်အမေ့ကိုခေါ်ပြီး ထွက်လာခဲ့တယ်။
ပရဟိတအသင်းကိုရောက်တော့
"ဒီကမောင်လေးက ဥက္ကာငယ်ထင်ပါရဲ့။ အမက ဒေါ်ငွေခင်ရဲ့သမီးကြီးပါ။ အမရဲ့အမေက မောင်လေးပညာရေးအတွက်ထောက်ပံ့စရိတ်ပေးတယ်လို့သိထားရပါတယ်။ အခုအမရဲ့အမေ မရှိတော့ပါဘူး။ လွန်ခဲ့တဲ့၃ရက်ကပဲဆုံးပါးသွားပါတယ်။
အဲ့တော့အမတို့ကပွင့်ပွင့်လင်းလင်း ပဲပြောမယ်မောင်လေးရယ်။ မောင်လေးအတွက်ထောက်ပံ့ရေးစရိတ်ကိုအမတို့အနေနဲ့ဆက်ပြီး တာဝန်မယူနိုင်တော့တဲ့အကြောင်း လာပြောတာပါ။အမတို့မှာလည်းသားတွေသမီးတွေရှိသေးတယ်ဆိုတော့ သူတို့လေးတွေရဲ့ရှေ့ရေး ကလည်းရှိသေးတယ်လေကွယ်။
YOU ARE READING
ငါတို့ဝေးသွားရင်........ပြန်မဆုံဖြစ်ကြရင် (Completed 🤍)
Short Storyလွန်ခဲ့တဲ့ ၁၅နှစ်က ဖြစ်ရပ်လေးကို အခြေခံထားတာမို့ တချို့အရာလေးတွေက လက်ရှိနဲ့ နည်းနည်းကွာခြားနေပါမယ်။ နောက်ပြီး ကျမကစာရေးဆရာမဟုတ်ပါဘူး။ ဒီအကြောင်းလေးကိုနားထောင်ခဲ့ရတာလည်း ၁၅နှစ်တောင်ကြာသွားပီဆိုတော့ နေရာတွေ အချိန်တွေ သီချင်းတွေက လွဲကောင်းလွဲနိုင်ပါတယ်...