ဇာတ်ဆောင် မိတ်ဆက်

20.8K 739 36
                                    

Zawgyi
က်ေတာ္နာမည္ကဗညားကိုကိုေမာင္ပါ။ နာမည္ထူးဆန္းတယ္ဆိုပီးအံ့ၾသေနၾကမယ္ထင္တယ္ဗ်။ဟုတ္ကဲ့ မယ္မယ္ေျပာတာကေတာ့ အင္း၀အႏြယ္ေတာ္ဆက္ဆိုလား ဘာဆိုလားပဲဗ်၊ဒါမယ္ အဲ့ဒါေတြက်ေတာ္စိတ္မ၀င္စားပါဘူး။ မာနေတြၾကီးေနယံုနဲ႔ကေတာ့ ေငြေတြခ်မ္းသာမလာဘူး။ ဟိတ္ေတြ၊ဟန္ေတြနဲ႔ ရွိတာေတြထုတ္ေရာင္း၊ျခိဳးျခံပီး ေနရေတာ့ေရာ ဘာလုပ္လို႔ရမွာတဲ့လဲ။က်ေတာ္စိတ္၀င္စားတာက က်ေတာ္ေငြမ်ားမ်ားရွာမယ္ ပီးရင္ ဘ၀မွာမပူမပင္ ေအးေအးေဆးေဆးေနခ်င္တယ္။ ဒါေၾကာင့္လည္းက်ေတာ္ေမေလးကို လက္ထပ္ခဲ့တာေပါ့။ မအံ့ၾသပါနဲ႔ေနာ္။ ဟုတ္တယ္ က်ေတာ္က အိမ္ေထာင္ရွိတယ္ဗ်။အသက္20ေလာက္က လက္ထပ္ထားတယ္ဆိုပါေတာ့ဗ်ာ။ ခုဆိုအိမ္ေထာက္သက္ 11ႏွစ္ရွိျပီေလ။ ငယ္ငယ္ရြယ္ရြယ္နဲ႔လက္ထပ္ခဲ့တယ္ဆိုေပမယ့္ က်ေတာ္ေပ်ာ္ပါတယ္။ တခါတေလ ေမေလးေမာက္မာလို႔ ျပသနာျဖစ္တာကလြဲရင္ သားတေယာက္နဲ႕ တစ္ဗိုက္ပိုင္ဆိုင္ထားတဲ့က်ေတာ္ဘ၀က သာသာယာယာပဲေပါ့ဗ်ာ။ နာမည္ၾကီးပြဲရံုပိုင္ရွင္ေဒၚေမေလးရဲ႕ခင္ပြန္း၊ နာမည္ၾကီးကုမၸဏီၾကီးရဲ႕ အေရာင္းမန္ေနဂ်ာ၊ မန္းေလးျမိဳ႕လည္ေခါင္မွာ ဧကကြက္ၾကီးနဲ႔ေန၊ ဟန္းဖုန္းခါးခ်ိတ္ျပီး ရွမ္းစတားဂ်စ္ေလးစီးႏိုင္တဲ့က်ေတာ္က လုပ္ေဖာ္ေတြၾကားေတာ့ မ်က္ႏွာပြင့္တာအမွန္ဗ်။ အဲ မယ္မယ္ကလည္း အစက စိတ္ဆိုးေပမယ့္လုိ႔ ေမေလးရဲ႕ ေငြအစြမ္း၊ မိသားစုရဲ႕ ၾကပ္တည္းမႈအစြမ္းက မယ္မယ့္ရဲ႕ မာနကို ၾကာၾကာအထားမခံဘူးေပါ့။ဒီလိုနဲ႕ပဲ 2005ခုႏွစ္ရဲ႕ သၾကၤန္တခုကိုေရာက္ရွိလာခ်ိန္မွာေတာ့.....................

သားနာမည္က ဥကၠာငယ္။ သားအသက္က16ႏွစ္။ သားက 10တန္းစာေမးပြဲေျဖထားတယ္။ သားက စကားေျပာရင္ သား သားနဲ႔ပဲေျပာတတ္ေတာ့ ခြင့္လႊတ္ေပးဗ်ာ။ သားအေၾကာင္းဆက္ေျပာျပမယ္ေနာ္။ သားကပရဟိတအဖြဲ႕တခုက ဆက္သြယ္ေပးထားတဲ့ မိသားစုကေထာက္ပံ့ေပးလို႔ ေထာက္ပံ့ေၾကးနဲ႔ေက်ာင္းတက္ေနရတဲ့သူပါ။ သားမိသားစုကမျပည့္စံုဘူးေလ။ ညီမေလးတေယာက္၊ညီေလးတယာက္ရွိတယ္။ အေမကေတာ့ ေခါင္းရြက္ဗ်က္ထိုးေစ်းေရာင္းတယ္။ အေဖကေတာ့ အရက္ရဲ႕ေက်းကြ်န္။ သားရည္မွန္းခ်က္ကေတာ့ ပညာတတ္ၾကီးျဖစ္ေအာင္လုပ္ျပီး အေမ့ေက်းဇူးဆပ္ခ်င္တယ္။ ျပီးေတာ့ ညီမေလးနဲ႔ညီေလးအတြက္ ေငြေတြမ်ားၾကီးရွာျပီး ျပည့္ျပည့္စံုစံုထားေပးမယ္။ ခုဆို10တန္းစာေမးပြဲလည္းေကာင္းေကာင္းေျဖႏိုင္တယ္ေလ။ သားတက္ခ်င္တဲ့ GTC လည္း တက္ႏိုင္မွာေသခ်ာတယ္။ တစ္ခါမွ မလည္ဘူးတဲ့သၾကၤန္ကို 10တန္းေျဖျပီးတဲ့အထိန္းအမွတ္အေနနဲ႔ လည္မယ္ဆိုပီး သူငယ္ခ်င္းေခၚရာေနာက္လုိက္ခဲ့တဲ့အခါမွာေတာ့......

Unicode
ကျတော်နာမည်ကဗညားကိုကိုမောင်ပါ။ နာမည်ထူးဆန်းတယ်ဆိုပီးအံ့သြနေကြမယ်ထင်တယ်ဗျ။ဟုတ်ကဲ့ မယ်မယ်ပြောတာကတော့ အင်းဝအနွယ်တော်ဆက်ဆိုလား ဘာဆိုလားပဲဗျ၊ဒါမယ် အဲ့ဒါတွေကျတော်စိတ်မဝင်စားပါဘူး။ မာနတွေကြီးနေယုံနဲ့ကတော့ ငွေတွေချမ်းသာမလာဘူး။ ဟိတ်တွေ၊ဟန်တွေနဲ့ ရှိတာတွေထုတ်ရောင်း၊ခြိုးခြံပီး နေရတော့ရော ဘာလုပ်လို့ရမှာတဲ့လဲ။ကျတော်စိတ်ဝင်စားတာက ကျတော်ငွေများများရှာမယ် ပီးရင် ဘဝမှာမပူမပင် အေးအေးဆေးဆေးနေချင်တယ်။ ဒါကြောင့်လည်းကျတော်မေလေးကို လက်ထပ်ခဲ့တာပေါ့။ မအံ့သြပါနဲ့နော်။ ဟုတ်တယ် ကျတော်က အိမ်ထောင်ရှိတယ်ဗျ။အသက်20လောက်က လက်ထပ်ထားတယ်ဆိုပါတော့ဗျာ။ ခုဆိုအိမ်ထောက်သက် 11နှစ်ရှိပြီလေ။ ငယ်ငယ်ရွယ်ရွယ်နဲ့လက်ထပ်ခဲ့တယ်ဆိုပေမယ့် ကျတော်ပျော်ပါတယ်။ တခါတလေ မေလေးမောက်မာလို့ ပြသနာဖြစ်တာကလွဲရင် သားတယောက်နဲ့ တစ်ဗိုက်ပိုင်ဆိုင်ထားတဲ့ကျတော်ဘဝက သာသာယာယာပဲပေါ့ဗျာ။ နာမည်ကြီးပွဲရုံပိုင်ရှင်ဒေါ်မေလေးရဲ့ခင်ပွန်း၊ နာမည်ကြီးကုမ္ပဏီကြီးရဲ့ အရောင်းမန်နေဂျာ၊ မန်းလေးမြို့လည်ခေါင်မှာ ဧကကွက်ကြီးနဲ့နေ၊ ဟန်းဖုန်းခါးချိတ်ပြီး ရှမ်းစတားဂျစ်လေးစီးနိုင်တဲ့ကျတော်က လုပ်ဖော်တွေကြားတော့ မျက်နှာပွင့်တာအမှန်ဗျ။ အဲ မယ်မယ်ကလည်း အစက စိတ်ဆိုးပေမယ့်လို့ မေလေးရဲ့ ငွေအစွမ်း၊ မိသားစုရဲ့ ကြပ်တည်းမှုအစွမ်းက မယ်မယ့်ရဲ့ မာနကို ကြာကြာအထားမခံဘူးပေါ့။ဒီလိုနဲ့ပဲ 2005ခုနှစ်ရဲ့ သြင်္ကန်တခုကိုရောက်ရှိလာချိန်မှာတော့.....................

သားနာမည်က ဥက္ကာငယ်။ သားအသက်က16နှစ်။ သားက 10တန်းစာမေးပွဲဖြေထားတယ်။ သားက စကားပြောရင် သား သားနဲ့ပဲပြောတတ်တော့ ခွင့်လွှတ်ပေးဗျာ။ သားအကြောင်းဆက်ပြောပြမယ်နော်။ သားကပရဟိတအဖွဲ့တခုက ဆက်သွယ်ပေးထားတဲ့ မိသားစုကထောက်ပံ့ပေးလို့ ထောက်ပံ့ကြေးနဲ့ကျောင်းတက်နေရတဲ့သူပါ။ သားမိသားစုကမပြည့်စုံဘူးလေ။ ညီမလေးတယောက်၊ညီလေးတယာက်ရှိတယ်။ အမေကတော့ ခေါင်းရွက်ဗျက်ထိုးဈေးရောင်းတယ်။ အဖေကတော့ အရက်ရဲ့ကျေးကျွန်။ သားရည်မှန်းချက်ကတော့ ပညာတတ်ကြီးဖြစ်အောင်လုပ်ပြီး အမေ့ကျေးဇူးဆပ်ချင်တယ်။ ပြီးတော့ ညီမလေးနဲ့ညီလေးအတွက် ငွေတွေများကြီးရှာပြီး ပြည့်ပြည့်စုံစုံထားပေးမယ်။ ခုဆို10တန်းစာမေးပွဲလည်းကောင်းကောင်းဖြေနိုင်တယ်လေ။ သားတက်ချင်တဲ့ GTC လည်း တက်နိုင်မှာသေချာတယ်။ တစ်ခါမှ မလည်ဘူးတဲ့သြင်္ကန်ကို 10တန်းဖြေပြီးတဲ့အထိန်းအမှတ်အနေနဲ့ လည်မယ်ဆိုပီး သူငယ်ချင်းခေါ်ရာနောက်လိုက်ခဲ့တဲ့အခါမှာတော့......

ငါတို့ဝေးသွားရင်........ပြန်မဆုံဖြစ်ကြရင် (Completed 🤍)Where stories live. Discover now