Part 10

2.5K 294 37
                                    

Zawgyi


လွန်ခဲ့သောတစ်ပတ်ကျော်-တက္ကသိုလ်ကျောင်းများစတင်ဖွင့်လှစ်သည့်ရက်

ဗညားတစ်ယောက် ပေါက်စလေးကိုတွေ့ဖို့ စောစောစီးစီးရေမိုးချိုးလို့ ရှိုးအပြည့်ထုတ်ထားပါတယ်။ မေလေးမီးဖွားတဲ့နေ့မှာ ပေါက်စဖုန်းဆက်တော့ ကိုယ့်ဘာသာကို ဘာတွေပြောမိမှန်းမသိအောင်ကို ဖြစ်သွားတယ်။

ကျတော်သိတယ်။ ပေါက်စကျတော့်ကိုကောက်သွားပြီ။ နဂိုတည်းက ချစ်ရမှာကြောက်နေတဲ့ကလေးက ကျတော့်လုပ်ရပ်ကြောင့် စိတ်ထိခိုက်သွားမယ်ဆိုတာ ရိပ်မိပါတယ်။ ချက်ချင်းချော့ချင်ပေမယ့် ချူချာတဲ့သမီးလေးက မွေးကတည်းက အသားဝါကပါလာတယ်။ ပေါင်လည်းမပြည့်ပဲ မွေးခဲ့တယ်။

မေလေးကလည်း ခွဲမွေးခဲ့ရတာမို့ ချုပ်ရိုးမထိခိုက်အောင် ဂရုစိုက်ရသေးတယ်။ စတဲ့စတဲ့ဗရာဟီရတွေကြောင့် ကျတော် ပေါက်စလေးဆီတော်တော်နဲ့ခြေဦးမလှည့်ဖြစ်တော့ပေ။ ဒီနေ့တော့ ရအောင်သွားမည်။

ပထမဆုံးကျောင်းတက်ရက်ကို ကျောင်းလစ်ခိုင်းပြီး လျှောက်လည်ကြမည်။ ပေါက်စလေးစားချင်တာတွေအကုန်ဝယ်ကျွေးပြီး သူကျေနပ်တဲ့ထိ ချော့မော့မည်ဟုတွေးထားသည်။ ကိုယ့်အတွေးနဲ့ကိုယ်ပျော်မြူးပြီး အိမ်မှစောစောထွက်ခဲ့လေသည်။

မေလေးကလည်း ကျတော့်အပေါ်အရင်လို အတင်းချုပ်ချယ်တာမျိုးမရှိတော့ဘူးလေ။ ကျတော်ကလည်း စင်တင်တို့၊ မာဆက်တို့၊ ကေတီဗီတို့ကို ယောင်လို့တောင်ခြေဦးမလှည့်တော့။

မေလေးကတော့ဘယ်လိုတွေးနေမလဲမသိပေမယ့် ကျတော်ကတော့အသက်နဲ့အမျှချစ်ရမယ့်သူရှိနေလို့ ထိုဘက်တွေတွင်စိတ်မပါတော့တာဖြစ်သည်။ စင်တင်ကကောင်မလေးများအပြုံးက ပေါက်စလေးရဲ့ခပ်တည်တည်မျက်နှာလောက်တောင် စိတ်ဝင်စာဖို့မကောင်းတော့ဘူးလေ။

GTC ကျောင်းရှေ့ကိုအစောကြီးရောက်နေတယ်။ ဆိုင်ထဲကထိုင်စောင့်ရင်မျက်စိလျှမ်းပြီး မတွေ့လိုက်မှာစိုးလို့ ကျောင်းဝင်ပေါက်နားက မရှိမဲ့ရှိမဲ့အရိပ်လေးကိုပဲ အတင်းကပ်သပ်ပြီး ကားရပ်စောင့်နေမိပါတယ်။

ငါတို့ဝေးသွားရင်........ပြန်မဆုံဖြစ်ကြရင် (Completed 🤍)Where stories live. Discover now