Part 12

2.1K 249 12
                                    

Zawgyi


ဘာလိုလိုနဲ့ကျတော့်ရဲ့ပေါက်စလေးအလုပ်လုပ်တာ ၆လရှိပါပြီ။ ဒီ၆လအတွင်း ပေါက်စဘယ်လောက်ဆိုးတယ်ဆိုတာ ကျတော်သိလာတယ်ခင်ဗျ။

ကျတော်နဲ့ပေါက်စက ချစ်လာတယ်သာပြောတာ ဆုံတွေ့ချိန်ကနည်းတော့ ပေါက်စလေးအကြောင်း ဂဃနဏသိပ်မသိဘူးပဲဆိုရမလားဗျာ၊ ဒါမှမဟုတ်ကျတော်တစ်ယောက်တည်းအတွက်ပဲ သီးသန့်ဆိုးနေတာလားတော့မသိဘူးဗျ ခင်ဗျားတို့ကလေးလေးပေါက်စဟာ အတော်မှ အတော်ကို ဆိုးပါတယ်။

ကဲ ဇာတ်ကြောင်းလေးနည်းနည်းပြန်ပြရမယ်ဆိုရင်.....

"ဒီအရသာက ကောင်းပါတယ်အမ။ အရမ်းကြီးမချိုလို့ ကလေးတွေသောက်မယ်ဆိုရင်လည်းအဆင်ပြေပါတယ်ဗျ။ နောက်ပြီး သားတို့အချိုရည်က FDA အသိအမှတ်ပြုလက်မှတ်ရပြီးသားမို့ ကျန်းမာရေးအတွက် စိတ်ချရပါတယ်ဗျ။"

ပရိုမိုးရှင်းပွဲတစ်ခုမှာ ပေါက်စရဲ့ဈေးရောင်းနေသံပါ။

"ဘယ်လောက်ကောင်းကောင်း ကလေးတော့မတိုက်ရဲဘူးသားရယ်။ ကလေးချောင်းဆိုးမှာကြောက်ရတယ်။ကလေးကအခုမှ ၁နှစ်ပဲရှိသေးတာ။ ၁နှစ်ကလေးသောက်ရလားသား.။ "

Customer က အတွန့်တက်တယ်။

"အဲ...ဟိုလေ.... ။ ကလေးတွေသောက်ရတယ်တော့ ပြောတယ်ခင်ဗျ။ ဟို......၁နှစ်သောက်ရလား မရလားဆိုတာကလေ ဟိုဒင်း........အဲ့ဒါက ဟိုဟာ......."

မောင်ပေါက်စတို့ထုံးစံအတိုင်း ဟိုဒင်းဟိုဟာတွေနဲ့ ဇဝေဇဝါတွေလာပါပြီ။

"ကဲပါသားရယ် နောက်ကျအားပေးတာပေါ့။"

Customer က အလိမ္မာနဲ့ငြင်းပြီး ပြန်သွားပါပြီ။ မောင်ပေါက်စလည်းမျက်နှာငယ်လေးနဲ့ကျန်ခဲ့ပါပြီ။ ကျန်တဲ့အရောင်းဝန်ထမ်းတွေကလည်း သူ့ကိုအဓိပ္ပါယ်ပါတဲ့မျက်လုံးတစ်ချို့နဲ့ ကြည့်ကြပါပြီ။ ကိုယ့်အဖွဲ့ထဲ ကလူတွေကတော့ ပေါက်စလေးကိုချစ်ကြပါတယ်။

ကိုယ့်ညီဆိုတဲ့မျက်နှာကြောင့်ရော(မင်းမင်းကလွဲလို့တစ်ဖွဲ့ရလုံးက ဥက္ကာကို ဗညားရဲ့ညီလို့ပဲသိထားကြတာပါ။ မင်းမင်းကလည်းအလွန်နှုတ်လုံပြီး သစ္စာရှိတဲ့လူယုံပါ) ၊ အနေအေးတဲ့ပေါက်စလေးရဲ့ ချစ်စဖွယ်ကောင်းမှုတွေကြောင့်ရော ပေါက်စဆိုရင်ကိုအပြစ်မမြင်ဘဲချစ်ကြတာပါ။

ငါတို့ဝေးသွားရင်........ပြန်မဆုံဖြစ်ကြရင် (Completed 🤍)Where stories live. Discover now