Part 6

2.7K 324 11
                                    

Zawgyi


ရက်ကိုလစားလို့ အချိန်တွေတဖြည်းဖြည်းကုန်လာပြီး မနက်ဖြန်ဆို ၁၀တန်းစာမေးပွဲအောင်စာရင်းထွက်မယ့် နေ့ပါ။ ကိုယ့်ကိုကိုယ်အောင်မယ်ဆိုတာသေချာနေတဲ့ကျတော့်အတွက်တော့ အောင်စာရင်းဟာထူးထွေပြီး ရင်ခုန်စရာမဟုတ်ပါဘူး။

ဒါပေမယ့် အမေကတော့ ထမင်းကောင်းကောင်းမစားတာ၂ရက်ရှိပြီခင်ဗျ။ စိတ်ကိုလျော့ထားလို့ပြောတာလည်းမရ။ အောင်မှာပါအမေရယ် မပူပါနဲ့လို့ ပြောတာလည်းမရ။ မိဘမေတ္တာဆိုတာ အတိုင်းအဆမရှိ ကျယ်ပြန့်လှပါ၏။ ဒီလိုနဲ့ အောင်စာရင်းထွက်မယ့်ည။

အဖေက အရက်တစ်စက်မှ မသောက်ထားဘူး။ အမေရော၊ အဖေရော မအိပ်ကြဘူး။ တစ်ညလုံး စကားတွေပြောကြ၊ ဘုရားတွေကန်တော့လိုက်ကြ၊ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတဲ့ကျတော့်ကိုနှိုးပြီး (အိပ်လို့ပျော်တာအံ့သြပါ့) ဆိုပြီး အပြစ်တွေပြောလိုက်ကြနဲ့ မနက်5နာရီခွဲမှာ အဖေ့နဲ့ကျတော် အောင်စာရင်းကြည့်ဖို့ ကျောင်းရှေ့ရောက်နေပါပြီ။

မကြာခင်အချိန်မှာပဲ ကျောင်းတံခါးကြီးဖွင့်လို့ လူတွေအတိုးအဝေ့နဲ့ အောင်စာရင်းကြည့်ကြတယ်။ ခန္ဓာကိုယ်ညှပ်တဲ့ ကိုယ်က နောက်ကျန်ခဲ့ပြီး အဖေက အတင်းတိုးပြီး လူတွေကြားဝင်ကြည့်တယ်။ ကျတော့်မှာတော့ ခြေဖျားလေးထောက်လိုက်၊ ခေါင်းလေးမော့လိုက်နဲ့ မမြင်ရမှန်းသိပေမယ့်လည်း လှန်းလှန်းကြည့်ရတာအမောပါ။

ခနနေတော့ အဖေက ကျတော့်လက်ကို သူ့လက်ကြမ်းကြီးနဲ့ ဆွဲပြီး ကျောင်းအပြင်ခေါ်ထုတ်သွားတယ်။ ကျောင်းအပြင်လူရှင်းတဲ့နေရာ ရောက်တော့မှ ကျတော့်ကိုဖတ်ပြီး အဖေချုံးပွဲချငိုတော့တယ်။ကျတော်ကြောင်တောင်တောင်နဲ့ပဲ

"အဖေ.....ဘာလို့လည်းဟင်။ ဘာလို့ငိုတာလဲ။ သားကျတာလား။ မဖြစ်နိုင်ဘူးနော်အဖေ။ သားဘယ်လိုမှ မကျနိုင်ဘူး။ သားကိုလွှတ်အဖေ။ သားကိုယ်တိုင်ပြန်ကြည့်ပြီးမှ ယုံမယ်။ အဖေမှားကြည့်တာ သေချာတယ်။ သားကိုလွှတ်။"

"ဟားးးးးးးးးးးးးးးးးးးးးးးးးးးးး" အဖေကရုတ်တရက်ကြီး ထအော်ရယ်တော့ ကျတော်ကြောင်သွားတယ်။

ငါတို့ဝေးသွားရင်........ပြန်မဆုံဖြစ်ကြရင် (Completed 🤍)Where stories live. Discover now