A/N

4.7K 322 175
                                    

Zawgyi


နောက်ဆုံးတစ်ပိုင်းသည် ကျမ၏စိတ်ကူးယဉ်သက်သက်မျှသာ ဖြစ်ပါတယ်။

အားလုံးသတိထားမိရင် မြင်ပါလိမ့်မယ်။ ဇာတ်သိမ်းပိုင်းမှာ နာရေးဖြစ်ခဲ့တာဟာ ဗညားတစ်ယောက်ကိုပဲဖော်ပြခဲ့ပြီး ဥက္ကာငယ့်ကိုတော့ နာရေးဖြစ်ခဲ့တယ်လို့ မဖော်ပြခဲ့ပါဘူး။ ဆိုလိုချင်တာက တစ်ကွက်လျှိုထားခဲ့တာပါ။

နောက်ပြီး ဥက္ကာငယ်ဟာ မိသားစုကို တာဝန်ယူရမယ့်သားကြီးမို့ သူ့မှာမိသားစုဇောဆိုတာလေး ရှိပါဦးမယ်။ ဒါ့ကြောင့် မိသားစုအတွက် ပြန်လည်ရှင်သန်ပေးတဲ့ပုံလေးရေးလိုက်တာပါ။ တကယ်လည်း အဲ့ကလေးကို ရှင်သန်စေချင်တာ ကျမရဲ့ဆန္ဒပါ။

ဒီနောက်ဆုံးပိုင်းအတွက် ဇာတ်လမ်းများ ပေါ့ခဲ့ ၊ ပေါသွားခဲ့သည်ရှိသော် ကျမကပဲ အနူးအညွှတ်တောင်းပန်ပါတယ်။ မလိုအပ်ဘူးထင်ရင် ဖျက်ပေးပါ့မယ်ရှင့်။

နောက်တစ်ခုက ဇာတ်လမ်းအစစ်အမှန်ကို လာရောက်မေးမြန်းကြသူတွေ ရှိခဲ့ပါတယ်။ ကျမစာလေးကိုစိတ်ဝင်စားကြလို့ တကယ်ကျေးဇူးတင်ပါတယ်။ ပျော်လည်းအရမ်းပျော်ပါတယ်။ အစကတော့ ဇာတ်လမ်းအမှန်ကို အပိုင်းတစ်ခုအနေနဲ့ရေးတင်မယ်လို့စိတ်ကူးခဲ့ပေမယ့် စိတ်ထဲဇဝေဇ၀ါဖြစ်နေလို့ ထိုအကြောင်းအရာနဲ့ရင်းနှီးခဲ့တဲ့ ကျောင်းနေဖက်သူငယ်ချင်းအချို့ကိုလှန်းတိုင်ပင်ကြည့်ပါတယ်။

ကျောင်းပြီးတာ၁၀နှစ်ကျော်ခဲ့ပြီဆိုတော့ တစ်ချို့ဆို မှတ်တောင်မမှတ်မိကြတော့ပါဘူး။ ဒါပေမယ့် 'မင်းကိုချစ်လို့၊ ခင်လို့၊ ယုံကြည်လို့၊ လေးစားလို့၊ ရင်ဖွင့်ခဲ့၊ ပြောပြခဲ့တဲ့သူတွေကို ထောက်ထားသောအားဖြင့် အစစ်အမှန်တွေကို ချမပြသင့်ဘူး'လို့ ကျောင်းနေဖက်များက အကြံပေးကြတယ်။

(ကျမက နားထောင်ခဲ့စဉ်က စာရေးမယ်လို့ ခွင့်ပြုချက်မတောင်းခဲ့ဘူးလေ။ ဒီလိုပဲ ဇာတ်လမ်းရှာနေတဲ့ စပ်စုစိန်တစ်ယောက်အနေနဲ့ပဲ နားထောင်ခဲ့တာလေ။)

ဒါကြောင့် ကျမချစ်တဲ့ စာဖတ်သူများကို ဇာတ်လမ်းအမှန်နဲ့ပက်သတ်လို့ နာမည်လွဲပြီးတောင်မှ ကျမ မပြောတော့တာကို ခွင့်လွှတ်နားလည်ပေးစေချင်ပါတယ်ရှင့်။ အသိထဲမှာများ ၂၀၀၆၊၂၀၀၇၊၂၀၀၈ လောက်က ရတနာပုံတက်ခဲ့သူများရှိခဲ့ရင် သိကောင်းသိနိုင်ပါလိမ့်မယ်။ သိချင်မှလည်း သိပါလိမ့်မယ်။ နာမည်မကြီးခဲ့တဲ့ အညတရဇာတ်လမ်းလေးမို့ပါ။

🎉 You've finished reading ငါတို့ဝေးသွားရင်........ပြန်မဆုံဖြစ်ကြရင် (Completed 🤍) 🎉
ငါတို့ဝေးသွားရင်........ပြန်မဆုံဖြစ်ကြရင် (Completed 🤍)Where stories live. Discover now