Part 13

2.1K 261 30
                                    

Zawgyi


"အားလုံးပဲ သတင်းကောင်းတစ်ခုပါပါတယ်။ ပျော်တတ်တဲ့သူတွေအတွက်ကတော့ သတင်းကောင်းပါ။ ပုဂံမှာကျင်းပမယ့် ...........စတိတ်ရှိုးအတွက် ကျတော်တို့အချိုရည်က Main Sponser အဖြစ်ပံ့ပိုးပေးဖို့ အခုပဲအစည်းအဝေးကဆုံးဖြတ်ခဲ့ပါတယ်။

အဲ့တော့ အကိုတို့ပုဂံသွားရမယ်။ ဈေးရောင်းရမယ်။ ပြီးတော့ သတ်မှတ်တဲ့ Target ပြည့်ရင် တစ်ရက်လောက်အခွင့်အရေးပေးဖို့ အကိုပြောတော့ လူကြီးတွေကခွင့်ပြုခဲ့တယ်။ ဒါကြောင့် အကိုတို့ Target ပြည့်အောင်ရောင်းမယ်။ ပြီးရင်တစ်ရက်ပုဂံမှာလည်မယ်။ အားလုံးသဘောတူကြလား။"

ဦးက ဝမ်းသာစွာပြောတယ်။

"ဟေးးးးးးးးးးးးးးးးးးးး။ ပျော်စရာကြီး။ အဲ့ဒါဆို ပုဂံတော့တစ်ခေါက်ရောက်ဦးမှာပေါ့။" အားလုံးကဝမ်းသာစွာအော်ကြတယ်။

"Target ပြည့်မှရမယ့်အခွင့်အရေးပါနော်။ Target မပြည့်ရင်မရပါဘူး။ ဒါကြောင့် အားလုံးစည်းလုံးဖို့လိုပါတယ်။" ဦးကသတိပေးတော့

"ဟုတ်ကဲ့ပါဂျာကြီး။ ကျတော်တို့ အားလုံးကြိုးစားပါ့မယ်။" အားလုံးသံပြိုင်ဖြေကြတယ်။

ကျတော်အားလုံးကိုခရီးစဉ်ကိစ္စပြောပြီး လိုအပ်တာတွေလုပ်ဆောင်ဖို့ မင်းမင်းကိုလည်းမှာစရာရှိတာမှာ၊ ကိုယ်လည်း လုပ်စရာရှိတာလုပ်နဲ့ မအားတော့ဘူး။

ပေါက်စလည်း တော်တော်ပျော်နေပုံပဲ။ တစ်နေကုန်အူမြူးနေပြီး ကျတော့်ကိုလည်းတစ်ခုခုပြောချင်နေပုံနဲ့လှန်းလှန်းကြည့်တယ်။ ကျတော်မအားတော့ သူလည်းအခွင့်မသာဘူးပေါ့။ ညနေရုံးအဆင်း ပြန်ပို့ချိန်လည်းရောက်ရော

"ဦးရေ...........ဦး.......သားတို့ကတကယ်ပုဂံကိုသွားရမှာပေါ့နော်။ နောက်ပြီး မမသီရိကပြောတယ် ပိုက်ဆံလည်းတစ်ပြားမှမကုန်ဘူး။ ရုံးကအကုန်ပေးမှာဆို။ ထမင်းလည်းရုံးကကျွေးမှာဆို။ ဟုတ်လားဟင်။"

ကားမှထွက်ကာရှိသေးတယ် ပေါက်စကကျတော်လက်မောင်းကို လှုပ်ပြီးမေးပါတော့တယ်။ အခုဆိုပေါက်စဟာ ကျတော်လက်မောင်းကိုချိတ်တာမျိုး၊ သူတခုခုမေးချင်ရက် လှုပ်တာမျိုး၊ ကားမောင်းနေချိန်ဆိုရင် မှီထားတာမျိုးတွေကို အိုးတိုးအမ်းတမ်းဖြစ်မနေပဲ လုပ်နေပါပြီ။

ငါတို့ဝေးသွားရင်........ပြန်မဆုံဖြစ်ကြရင် (Completed 🤍)Where stories live. Discover now