Part 31 The End

6.4K 389 134
                                    

Zawgyi


မနက်ခင်းဟာ အရင်နေ့တွေကထက် သာယာနေသလိုပါပဲ။ မနက်၃နာရီလောက်မှအိပ်ပျော်သွားတဲ့ ဗညားဟာ၆နာရီထရတော့ စိတ်ကသိပ်မကြည်ချင်ဘူး။ ဦးရီးငယ်ကိုအေးအေးဆေးဆေးမှ လိုက်ပို့ဖို့ စီစဉ်ထားပေမယ့် သွားရတာ နေပူလိမ့်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပဲ စောစောထွက်ဖို့ ပြင်ဆင်လိုက်တယ်။ ဒါမှဗညားလည်း ဟိုဒီဝင်တာနဲ့အချိန်ကကွက်တိလောက်ဖြစ်မှာလေ။

မနက်စာစားပြီး အိမ်ကစထွက်ဖို့ပြင်ဆင်တော့တယ်။ ခရီးထွက်ခါနီး ဘုရားခန်းဝင် ဘုရားကန်တော့တာကလည်း ဗညားရဲ့အကျင့်တစ်ခုမို့ ဘုရားကန်တော့အပြီး ကလေးငယ်ပါအေးချမ်းပါစေကြောင်း တောင်းဆုခြွေလိုက်တယ်။ ပြန်လှည့်အထွက်မှာပဲ ရုတ်တရက်....

"ခွမ်း.........."

ဘုရားစင်ပေါ်တင်ထားတဲ့ ယတြာဖန်ခွက်လေးဟာ ဘာကြောင့်မှန်းမသိဘဲ ကျကွဲသွားတယ်။ ဦးရီးငယ်ရော၊ မေလေးပါ အပြေးရောက်လာကြတယ်။

"ဘုရား....ဘုရား....။ ဘုရားလှူထားတဲ့ပစ္စည်းကွဲတယ်ဆိုတာ နိမိတ်မကောင်းတာပဲ။ ဘယ်လိုဖြစ်ရတာလည်း ဗညားရယ်။" ဦးရီးငယ်က မျက်နှာပျက်စွာပြောလာတယ်။

"အရေးမကြီးရင် ဒီနေ့မသွားပါနဲ့လား ဦးရီးငယ်။ အဲ့ဒါက ကိုဗညားအတွက်ချေပေးထားတဲ့ ယတြာလေးမို့.........." မေလေးကလည်း မျက်နှာပျက်ပျက်နဲ့ ၀င်ပြောတယ်။

"မတော်တဆတိုက်လိုက်မိလို့ ပြုတ်ကျတာပါကွာ။ စိတ်ထဲမထားကြပါနဲ့။ သွားစရာရှိတာသွားရအောင်ဦးရီးငယ်။ ဘာမှမဖြစ်ဘူး။ ကျတော်ကားကိုဂရုစိုက်မောင်းပေးပါ့မယ်။"

ဗညားလည်း ခရီးမဖင့်စေချင်တာနဲ့ပဲ စကားကို စိတ်ပြေအောင် လိမ်ပြောလိုက်တယ်။ အမှန်တော့သူလည်း စိတ်ထဲခံစားချက်က စနိုးစနောင့်ဖြစ်သွားတယ်လေ။

"ဒါဆိုလည်း ရှင် ဖုန်းလေးတော့ယူသွား။ အရေးအကြောင်းဆို ဆက်သွယ်လို့ရအောင်လို့။" မေလေးက ပြောလို့ ဘုရားခန်းထဲကနေ ချက်ချင်းလှည့်ထွက်သွားလိုက်တယ်။

(ကျမဖုန်းရော၊ကားရော ပေးလိုက်လို့ အံ့သြသွားလား။ ဗညားက ဟိုကောင်လေးကိုဆက်သွယ်မှာ မကြောက်ဘူးလားဆိုပြီး တွေးနေကြတယ်မလား။ ဟဟဟ မကြောက်ပါဘူး။ ညကတည်းက ဆင်းရဲသားရပ်ကွက်တွေရဲ့ထုံးစံအတိုင်း အလုပ်မရှိ၊အလုပ်ရှာလို့ စပ်စုချင်နေကြတာကို ကျမတွေ့ခဲ့တယ်လေ။

ငါတို့ဝေးသွားရင်........ပြန်မဆုံဖြစ်ကြရင် (Completed 🤍)Where stories live. Discover now