Part 29

2.3K 241 50
                                    

Zawgyi

ဆင်ခြေဖုံးရပ်ကွက်လေးရဲ့ ညချမ်းအချိမ်အခါဟာ အေးချမ်းမှုတစ်ဝက်၊ ကိုရီးကားသံတစ်ဝက်နဲ့ တန်ဆာဆင်ထားပါတယ်။ စိတ်မပါသော်ညားလည်းပဲ အမေစိတ်ကျေနပ်အောင် စာကြည့်စားပွဲထိုင်လို့ ၁၀၀တန်မီးစက်မီးလေးနဲ့ မနက်ဖြန်ဖြေဆိုမယ့်ဘာသာအတွက် စာဖတ်နေလိုက်တယ်။ အမှန်ကိုဝန်ခံရမယ်ဆိုရင်တော့ ဥက္ကာငယ်တစ်ယောက် မနက်ဖြန်ကျောင်းသွားဖို့ ကြောက်ရွံ့လို့နေပါတယ်။

အမေသာမရှိရင် စာမေးပွဲလည်းသွားမဖြေပဲ ကျောင်းနားဖြစ်မှာအသေအချာပါပဲ။ ဒါပေမယ့် အမေ့မျက်နှာကိုငဲ့ကာ မျက်နှာပြောင်တိုက်၊ အားတင်းလို့ ကျောင်းသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ အမေကတော့ မနက်စောစောဈေးသွားဝယ်ပြီး ပြန်ရောင်းရမှာမို့ အိပ်ရာဝင်လို့နေပါပြီ။ အငယ်၂ယောက်ကတော့ အရပ်ထဲက မီးစက်နိုးထားတဲ့ အိမ်တစ်အိမ်ကိုသွားပြီး ကိုရီးယား၊တရုတ်ကားပေါင်းစုံကို ကြည့်ပြီးမှ အိမ်ပြန်လာလိမ့်မယ်။

ထိုအချိန်အိမ်ရှေ့မှာလာရပ်တဲ့ ကားသံကြားလိုက်ရတယ်။ ထိုကားသံကို ဥက္ကာငယ်အလွတ်ရတာပေါ့။ 'ဦး..သားဆီလာတာဖြစ်ပါစေ'လို့ ဆုတောင်းရင်း စိုးထိတ်မှုနှင့်ပျော်ရွှင်မှုတို့ပေါင်းစပ်ကာ အရှေ့သို့ မရဲတရဲထွက်လာခဲ့မိတယ်။ ကားထဲတွင်တွေ့လိုက်ရတာက ဥက္ကာငယ်အလွန်တရာမှ တွေ့ချင်နေသော သူ့ရဲ့ 'ဦး'။ ဒါပေမယ့်ဘေးဘက်ကခုံမှာ ထိုင်လာသူကတော့ ဒေါ်မေလေး။

"ဦး" ဥက္ကာငယ် နှုတ်ခမ်းလေးလှုပ်ရုံမျှ တီးတိုးခေါ်လိုက်တယ်။

"ငယ်" ဦးရဲ့ နှုတ်ခမ်းလှုပ်ပုံအရ ဒီလိုလေးခေါ်လိုက်သလိုပဲ။

"ဟဲ့ သားကြီး ဘယ်သူတွေတုန်းဟဲ့။" အမေကအိပ်ယာထဲကလှန်းမေးတယ်။

"ကျတော်တို့က ဗညားနဲ့ မေလေးတို့အိမ်ကပါခင်ဗျာ။ အိမ်ထဲဝင်ထိုင်ခွင့်လေးများရမလား။"  ဒါက ကားပေါ်ပါလာတဲ့ ဦးလေးတစ်ယောက်ကပြောတာ။

"ဒီလို အနေစုတ်စုတ်အိမ်ကို ထိုင်ခွင့်တောင်းနေစရာလိုသေးလို့လား ဦးရီးငယ်ရယ်" မေလေးက ၀င်ပြောတယ်။

"အဲ့လို မမောက်မာပါနဲ့သမီးရယ်။ ဦးရီးဘာမှာထားလဲ။" ဦးရီးငယ်ကပြောတော့ မေလေးကနှာခေါင်းတစ်ချက်ရှုံ့လို့ မျက်နှာလွဲကာ အသံတိတ်သွားတယ်။

ငါတို့ဝေးသွားရင်........ပြန်မဆုံဖြစ်ကြရင် (Completed 🤍)Where stories live. Discover now