သူဘာမှမလုပ်လဲ သူ့ကိုစိတ်ကောက်နေတယ်ထင်ပြီးလာချော့လိုချော့နဲ့ ၊ တခြားလူမြင်ရင်တစ်မျိုးထင်ချင်စရာ

အခုဟာကိုလည်းကြည့်အုံး ၊ ဘာစိတ်ဆိုးစိတ်ကောက်စရာရှိလို့လဲ ၊ ပြစမ်းပါအုံး ဘယ်ဟာတုန်းလို့...

သူ့ကိုစိတ်ဆိုးတယ်ထင်ပြီးလူကိုလာချော့နေရအောင် လူကိုများ သဘောထားသေးသိမ်တဲ့သူများ ထင်နေလားမသိဘူး

**ငါလုပ်ရင်တော့ ဒင်းးး..သေလိမ့်မယ်**

xiao zhan အတွေးထဲမှာပဲ ကြိမ်းရဲတာပါ ၊ အပြင်မှာတော့တကယ်သွားမလုပ်ရဲ

"yibo..မင်းအရင်သွားလေ ၊ မင်းအဆောင်ငါတို့မှမသိတာ ၊ ရှေ့ကမသွားပဲနဲ့ ငါတို့က ဘယ်လိုသွားရမှာလဲ.."

"ငါ့အဆောင်က မင်းတို့လမ်းနဲ့ အတူတူပဲ ၊ဆက်သွား...ရောက်ခါနီးရင်ပြောမယ်..."

"ပြီးတာပဲ...နောက်မှ လမ်းမှားသွားလို့ ၊ ဘာလို့နဲ့ ပြန်မသွားရစေနဲ့....ဟင့်.."

ဒီတစ်ခါတော့ xiao zhan တကယ်ကြိမ်းလိုက်တာပါ ၊ အပြင်မှာနော်....အပြင်မှာ..သူငယ်ချင်းဆိုတော့ ရမလားလို့ တခါတလေလေး

xiao zhan ခပ်တည်တည်နဲ့ ပြောတော့ ၊ ကိုyibo ကသူ့ကို ဘာမှတောင်​ပြန်မပြော ၊ ပြုံးပြီးသာစိုက်ကြည့်နေတယ်

** yibo ရယ်ငါ့ကို အဲ့အတိုင်းကြီး စိုက်မကြည့်ပါနဲ့ ၊ ငါတကယ်လန့်လို့ပါ **

yibo သူ့ကို အဲ့လိုကြည့်တိုင်း သူမနေတတ်ပါ ၊ ရင်တွေခုန်နေတာများ အမောဖောက်သေနိုင်လောက်တယ်

သူကတော့ ရိုးရိုးပဲ လန့်လို့ရင်တုန်တယ်ထင်နေတာ ၊ သူရဲ့မသိစိတ်ကတော့ ဒါဟာ ရင်ခုန်နေတာ

**xiao zhan မင်းစိတ်ဆိုးစိတ်ကောက်တဲ့အချိန်တိုင်းတောင် ဘာလို့ ဒီလောက်ထိ အသဲယားအောင်လုပ်နိုင်ရတာလဲ...ငါ့ရဲ့ ယုန်ပေါက်လေးရဲ့..**

"yibo!!!.. yibo!!!."

ဟင်..သူ့ကို xiao zhanခေါ်နေတာပဲ

"xiao zhan...ဘာလဲ.."

" မင်းငါ့ကို ဘာလို့ ပြုံးပြုံးကြီးကြည့်နေတာလဲ ၊ငါ့မျက်နှာမှာ ဘာရှိလို့လဲ ၊ ပေနေလို့လား.."

You're my destinyWhere stories live. Discover now