"ဟေ့ကောင် ယွီပင်း "

"ဘာလဲ.."

"မင်းခုနကပြောနေတဲ့ ဟိုကောင်လေးလေ...သူ့နာမည်ကဘာတဲ့လဲ"

"အေး..ဟုတ်သားပဲ..နာမည်မပြောရသေးဘူးနော့..."

"သူ့နာမည်က wang yibo တဲ့"

"အော်.. နာမည်လေးတော့ လှသားပဲ"

"နာမည်နဲ့ ရုပ်ကလေးက လှသလောက် စိတ်ကတော့ မင်းပြောပုံအတိုင်းဆို ဘီလူးပဲဟေ့"

xiao zhan စားရင်း ပြောရင်းကနေ ဆိုင်အပြင်ဘက်ကို အကြည့်လေးလွှဲမိပါတယ်။ မြင်လိုက်ရတဲ့  မြင်ကွင်းကြောင့် သောက်လက်စ coffee လေးတောင် သီးသွားတယ်

ဟို wang yibo ဆိုတဲ့လူမိုက်ကောင်လေး မှန်ပါ့..မှန်ပါ့.. ဒင်းလေးမှဒင်းလေးအစစ် အသက်ရှည်ပါအုံးမယ်။ ဒီမှာ သူ့အကြောင်းပြောနေတုန်းတန်းလန်းကြီးကို...

လမ်းဟိုဘက်ခြမ်းမှာ သူ့ဆိုင်ကယ်ကြီးကိုမှီထားပြီးတော့ ဆိုင်ဘက်ကို လှမ်းကြည့်နေတဲ့ ဟိုကောင်လေး

xiao zhan အဝေးကနေမျက်လုံးခြင်း တစ်ခဏလေးဆုံမိတာကို လန့်ဖျန့်ပြီး ကြက်သီးများတောင်ထသွားတယ်

ဘယ်တုန်းကတည်းက ကြည့်နေတာမှန်းလဲမသိဘူး။ စိုက်ကြည့်နေတဲ့ပုံကြီးကလည်း ကြောက်စရာကြီး ၊ စူးစူးစိုက်စိုက်ကြီးနဲ့ ကြည့်နေတာလေ

  မဟုတ်မှလွဲရော သူ့အကြောင်းပြောနေတာများ သိနေတာလား...အမလေးလေး...

ဟိုနေ့ကသူမှားတယ်ဆိုတာ သိပေမယ့် အဲ့တစ်ယောက်ကလည်း အဲ့လိုကြီးတော့ မလုပ်သင့်ဘူးလေ

ပြန်စဉ်းစားကြည့်တော့ သူ့အမှားချည်းပဲမဟုတ်ဘူး ဟိုတစ်ယောက်လည်းပါတာပဲ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှမြည်တာလေ

သူကလည်းသူပါပဲ သူငယ်ချင်းဇောနဲ့သေချာမသိပဲဝင်ပြောတာကိုး၊တွေးရင်းတွေးရင်းနဲ့မှ အယ့်တုန်းကအကြောင်းတောင်ပြန်မြင်ယောင်လာမိတယ်။

အဲ့နေ့ကလည်းကိုယ်ကသာ သူ့ကိုအားရပါးရန်တွေ့နေပေမယ့်လည်း သူကတော့ ရေခဲတုန်းကြီးအတိုင်းသား မျက်နှာသေနဲ့တောင့်တောင့်ကြီး

You're my destinyWhere stories live. Discover now