ဆက်မတွေးတော့ အိပ်ပျော်သွားလိုက်တာ ကာလနဂါးဝင်ပူးသွားလို့ထင်ပါ့ နေဖင်ထိုးတဲ့ထိတောင် မနိုးတော့

"xiao zhan ရေ xiao zhan"

"ဟေ့ရောင် ထတော့လေကွာ...မင်းတအားအပျင်းကြီးတာပဲ ၊ ကျောင်းနောက်ကျတော့မယ် ၊ မနက်စာလည်းဆိုင်မှာဝင်စားရမှာကို ထတော့ ထတော့"

  xiao zhan ညကတော်တော်နဲ့ အိပ်မပျော် ၊ ဟိုအိပ်မက်ကြောင့် ရင်တွေတုန်ပြီး ဘယ်လိုမှပြန်အိပ်မရ ၊ မိုးလင်းခါနီးမှ အိပ်ပျော်သွားခြင်းပင်

   အဲ့လိုအိပ်ပျော်သွားလို့ပဲ မိုးမလင်းသေးဘူး ဟိုမျောက်လောင်းနှစ်ကောင်ရဲ့ ငှက်ဆိုးထိုးသံကြီးတွေကို ကြားရပြီ။ အသံတွေက လော်တပ်အော်နေသလားမှတ်ရအောင် နားကိုငြီးနေတာပဲ

xiao zhao စိတ်ပေါက်ပေါက်နဲ့ တံခါးသွားဖွင့်တော့ ကိုယ်တော်ချောလေးတွေက အပြင်ဘက်မှာ တောင့်တောင့်ကြီးသေနေသလားမှတ်ရအောင် စတိုင်နဲ့မလိုင်နဲ့ ရပ်နေလိုက်တာများ သူတို့ကိုယ်သူတို့ မင်းသားမှတ်လို့ ၊ ခုနကတုန်းက အသံဆိုး​​ေတွနဲ့​အော်နေတာ သူတို့မဟုတ်တဲ့အတိုင်း

  အေးလေ ဆက်အော်ရင်လည်း ရပ်ကွက်ကခဲနဲ့ပေါက်တော့မယ်

ထားပါတော့လေ

   xiao zhan လည်း သူတို့နှစ်ယောက်ကိုစောင့်ခိုင်းထားပြီး ရေအမြန်ချိုး အဝတ်အစားလဲပြီး သုံးယောက်သားခပ်သွက်သွက်သာ ထွက်လာခဲ့လိုက်တယ်။

  *****************************
တကယ်တော့ xiao zhan ဆိုတာ

  ** xiao group ရဲ့ ဆက်ခံသူ xiaoပါးပါးနဲ့မားမားတို့ရဲ့တစ်ဉီးတည်းသောသားလေး ၊ အသည်းကျော်လေး ပေါ့ **

** ဒါပေမယ့် xiao zhan က company နဲ့ ပတ်သက်ပြီး စိတ်မဝင်စား ၊ သူကလွတ်လွတ်လပ်နေရတာကိုကြိုက်သူ၊ဒီတော့ company နဲ့ပတ်သက်ရင် မသိခြင်တောင်ထောင်သူ **

  **xiao မားမားနဲ့ ပါးပါးကလည်း ခေသူမဟုတ် ၊ အားရင်အားသလို မတွေ့လိုက်နဲ့ company ကိုအတင်းဆွဲခေါ်တော့တာ၊ ဘယ်ရမလဲ လွတ်မယ်ထင်နေတာလား**

You're my destinyWhere stories live. Discover now