"အစ်ကိုကြည့်နော် ပန်းတွေက အစုံရှိပါတယ်...ဘာအတွက်ပေးဖို့လဲမသိဘူး..."
baekhyunအိမ်ကိုမရောက်ခင်က....
chanyeolတစ်ယောက် ပန်းဆိုင်ထဲကိုရောက်နေခြင်းဖြစ်သည်...။ဆိုင်ကကောင်မလေးရဲ့ အမေးစကားကြောင့် နှုက်ခမ်းလေးတွန့်ယုံ ပြုံးလိုက်သည်...။
"အကို့ကောင်လေးကိုပေးဖို့.."
chanyeolရဲ့စကားကြောင့် ဆိုင်ရှင်ကလေးမလေးက နှစ်နှစ်ခြိုက်ခြိုက်ပြုံးကာ ဆိုလိုက်သည်..။
"ဟုတ်ကဲ့ အေးဆေးကြည့်ပါ အစ်ကို..."
chanyeolခေါင်းတစ်ချက် ညိမ့်ပြလိုက်ပြီး
တစ်ဆိုင်လုံးကို ဝေ့ဝဲကြည့်လိုက်သည်...။
ဆိုင်ရဲ့ထောင့်တစ်နေရာအရောက်မှာ အကြည့်
တို့ရပ်တန့်သွားသည်...။"ဟိုနားက နှင်းဆီလေး ခုနစ်ပွင့်ကို အလှဆုံးဖြစ်အောင်လုပ်ပေးပါ.."
"ဟုတ်ကဲ့ အကို..."
ဆိုင်ရှင်က ပန်းလေးတွေကိုယူပြီး
ပြင်ဆင်ပေးနေသည်...။chanyeolတစ်မနက်လုံး သူ့ဘေဘီဆီကိုသွားဖို့ပဲ တာဆူနေခဲ့သည်...။မတွေ့ရတဲ့ အချိန်နာရီ
တွေက ကြာရှည်လွန်းသည်ဟု သူထင်သည်...။
ရုံးဖွင့်ရက်တွေဆို ကိုယ့်မှာ သူရှိရာဌာနကို အားတိုင်းပြေးပြေးကြည့်ခွင့်ရလို့ အလွမ်းပြေသေးသည်...။အခုလိုရုံးပိတ်ရက်ရောက်လာရင် သူ့မှာတောင်ပြေးရမလို မြောက်ပြေးရမလိုတွေကိုဖြစ်လို့..။
ဒီတစ်ပတ်လုံးတွေးတွေးဆဆနဲ့ ဘယ်လိုလုပ်ရမလဲဆိုပြီး စဉ်းစားနေခဲ့တာ နောက်ဆုံးထွက်လာတဲ့အဖြေအရ သူ့ဘေဘီနားမှာ တစ်နေ့လုံးကပ်တွယ်နေဖို့အရေး ဘေဘီအိမ်ကိုသွားနေရမည်ဟု ဆုံးဖြတ်လိုက်လေသည်...။ဒီဆုံးဖြတ်ချက်ကို ရုံးပိတ်ရက်ရောက်တိုင်းအသုံးပြုမည်ဖြစ်သည်...။
ဘယ်လိုလဲ ပိုင်တယ်မလား...ဟား..ဟား..။
.
.
.
.
.
.
.
.
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~chanyeolတစ်ချိန်လုံး အနောက်မှာဝှက်ထားတဲ့ ပန်းစည်းလေးကို ထုက်ယူလိုက်သည်...။
ရင်ခွင်ထဲက ဘေဘီလေးရဲ့လက်ထဲကို ထည့်ပေးလိုက်သည်....။
"Lavender Rose?
ခုနစ်ပွင့်..?."

YOU ARE READING
I Want You
Romanceအသက်တစ်ခါရှူတိုင်း၊နှလုံသားကတစ်ချက်ခုန်တိုင်း ခဗျားမှမဟုတ်ရင် မဖြစ်တော့ဘူးဆိုတဲ့အထိ ရူးသွပ်အောင် ပြုစားခံလိုက်ရပြီ...။ ခဗျားကြီးက ရင်ခုန်သံတွေကို..ဖန်ဆင်းပေးတဲ့ ကျွန်တော့်နှလုံးသားရဲ့ တန်ခိုးရှင်ပဲ park chanyeol....။ . . . မြင်မြင်ချင်း မင်းကိုချစ်မိ...